Subscribe Us

header ads

Windows 11 24H2 update တွင် AMD Ryzen CPU များ၏ ဂိမ်းစွမ်းဆောင်ရည် တိုးတက်လာမည်

Image via OC3D

ဒီလအစောပိုင်းမှာ Microsoft ရဲ့ Windows 11 မှာ AMD Ryzen CPU တွေရဲ့ ဂိမ်းစွမ်းဆောင်ရည်ကိုကျဆင်းbug တစ်ခုရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ အဆိုပါ bug ဟာ AMD Ryzen 9000 series တွေကိုသာမက ယခင် Zen 3 နဲ့ Zen 4 CPU တွေကိုပါသက်ရောက်မှုရှိနေတာကိုတွေ့ရပါတယ်။ ဒီ bug ကိုပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် AMD ရဲ့ Ryzen 5000-9000 CPU တွေမှာ သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်တွေရလာမယ်လို့ သိရပြီး ကနဦးစမ်းသပ်ချက်တွေအရ Windows 11 23H2 update မှာ အလားအလာကောင်းတွေတွေ့မြင်‌နေရပါတယ်။

Hardware Unboxed ဟာ Windows 11 24H2 update နဲ့ Ryzen 7 7700X နဲ့ Ryzen 7 9700X တို့ကို ကနဦးစမ်းသပ်မှုတွေဆောင်ရွက်ခဲ့ရာမှာ update ကြောင့် စွမ်းဆောင်ရည်သိသိသာသာတိုးတက်လာတာကိုတွေ့ရှိခဲ့ပါတယ်။ အတိုချုံ့ပြောရရင် Ryzen CPU အသုံးပြုသူ‌တွေအနေနဲ့ မဖြစ်မနေ တင်ထားသင့်တဲ့ update လို့ဆိုနိုင်ပြီး အမြင့်ဆုံး 36% အထိ စွမ်းဆောင်ရည်တိုးတက်လာမှာဖြစ်ပါတယ်။

Image: Hardware Unboxed via OC3D

စမ်းသပ်ချက်အရ Ryzen 7 7700X နဲ့ Ryzen 7 9700X တို့ဟာ ဂိမ်းပေါင်း ၄၀‌ ကျော်မှာ ပျှမ်းမျ ၁၀%နဲ့ ၁၁% အသီးသီး ဂိမ်းစွမ်းဆောင်ရည်တိုးတက်လာတာကိုတွေ့ရပြီး ဂိမ်းမဟုတ်တဲ့ အခြား application တွေမှာ ဘယ်လောက်ကွာခြားသလဲဆိုတာကိုမသိရသေးပါဘူး။

AMD ဘက်ကတော့ Windows 11 24H2 update ဟာ AMD CPU တွေကိုသာ စွမ်းဆောင်ရည်တိုးတက်စေမှာဖြစ်ပြီး Intel CPU တွေမှာတော့ ထူးခြားမှာမဟုတ်ဘူးလို့ဆိုပါတယ်။ လက်ရှိမှာကို AMD CPU တွေဟာ ပြိုင်ဘက် Intel နဲ့ ယှဉ်ပြိုင်နိုင်စွမ်းကောင်းမွန်နေပြီး အခုဆိုရင် 24H2 update ကြောင့် ပိုမိုသာလွန်တဲ့စွမ်းဆောင်ရည်တွေရရှိလာတော့မှာပါ။

Microsoft ရဲ့ ‌Windows bug ဟာ ခေတ်ပေါ် Ryzen CPU တွေမှာရှိတဲ့ branch prediction code optimizations ကို အသုံးပြုလို့မရအောင် တားဆီးထားတယ်လို့ AMD ကဆိုပါတယ်။ AMD ရဲ့ Ryzen 9000 "Zen 5" CPU တွေမှာ ပိုမိုကျယ်ပြန့်တဲ့ branch prediction ပမာဏပါဝင်တာကြောင့် အများဆုံးထိခိုက်ခဲ့ရတာဖြစ်ပါတယ်။ ဒီအတိုင်းပဲ Zen 4 CPU တွေဟာလည်း ဆင်တူတဲ့စွမ်းဆောင်ရည်တိုးတက်မှုကိုရရှိမှာဖြစ်ပါတယ်။ 

Source: OC3D


Post a Comment

0 Comments