Subscribe Us

header ads

အသစ်ထွက်ရှိလာမည့် Arrow Lake နှင့် Lunar Lake CPU များတွင် Instability ပြဿနာရှိမည်မဟုတ်ဟု Intel မှအတည်ပြု

Image: Intel

လွန်ခဲ့တဲ့ရက်အနည်းငယ်က Intel က သူ့ရဲ့ 13th (Raptor Lake) နဲ့ 14th (Raptor Lake Refresh) မျိုးဆက် Core processors တွေမှာတွေ့ရှိရတဲ့ Vmin Shift Instability ပြဿနာနဲ့ ပတ်သက်တဲ့အကြောင်းအရာတစ်ခုကို ဘလော့စာမျက်နှာမှာတင်ခဲ့ပါတယ်။ 

Intel က သူ့ရဲ့ architecture အသစ်ကြောင့် Lunar Lake နဲ့ Arrow Lake CPUs တွေမှာ Vmin Shift Instability ပြဿနာမရှိဘူးလို့ အတည်ပြုပေးလိုက်ပါတယ်။ Lunar Lake ကို စက်တင်ဘာလမှာ ကြေညာမှာဖြစ်ပြီး Arrow Lake အတွက်တော့ တရားဝင်ရက်စွဲ မကြေညာသေးပေမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ ရောက်ရှိနိုင်တယ်လို့ ကောလာဟလထွက်ပေါ်နေပါတယ်။

ဒီသတင်းအချက်အလက်အသစ်နဲ့အတူ Intel က 13th နဲ့ 14th Gen desktop CPUs အသုံးပြုသူအားလုံးကို မိမိတို့ရဲ့ Intel motherboard တွေရဲ့ နောက်ဆုံးပေါ် firmware ကို အဆင့်မြှင့်တင်ပြီး Intel Default Settings အတိုင်း အသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။

ဒါပေမယ့် BIOS update အကြံပြုချက်ကတော့ ဒီလအစောပိုင်းကစပြီး သက်ဆိုင်ရာ 13th နဲ့ 14th Generation motherboard ထုတ်လုပ်သူတွေကဖြန့်ချီတဲ့ BIOS update ကနေတဆင့် ရရှိမယ့် microcode patches တွေကိုဆိုလိုတာဖြစ်ပါတယ်။

ဒီလိုနဲ့ Intel က စနစ်တကျ ("အတည်ပြုပြီး") ထိခိုက်မှုမှာမပါဝင်တဲ့ processors တွေစာရင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရင်းထဲမှာ 12th Generation Alder Lake CPUs တွေ၊ 13th နဲ့ 14th Generation Core i3 နဲ့ Core i5 (non-K) desktop models တွေ၊ HX series လို high-performance CPU တွေအပါအဝင် 13th နဲ့ 14th Generation mobile CPUs တွေ ပါဝင်ပါတယ်။ ဒါတင်မက Intel Xeon server နဲ့ workstation CPU တွေနဲ့ Intel Core Ultra 100 (Meteor Lake) CPUs တွေမှာလည်း ထိခိုက်မှုမရှိဘူးလို့ Intel ဘက်က အတည်ပြုပြောကြားခဲ့ပါတယ်။

ထိခိုက်မှုခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ ဒီလို CPU တွေအများအပြား stable မဖြစ်ခြင်းဟာ stable အဖြစ်ဆုံးလို့သတ်မှတ်ခံထားရပြီး စျေးကွက်ကိုဦးဆောင်ထားတဲ့ Intel အတွက် လူတွေရဲ့ ယုံကြည်ကိုးစားခံရမှုကို ထိခိုက်စေပါတယ်။ အနည်းဆုံး CPU မော်ဒယ်အသစ်တွေမှာ အလားတူပြဿနာတွေမတွေ့ရသလို လက်ရှိအသုံးပြုနေတဲ့ processor တွေဟာလည်း တိုးမြှင့်ပေးထားတဲ့ warranty ကာလနဲ့ ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ အသစ်ထွက်လာတဲ့ BIOS update ကြောင့်စွမ်းဆောင်ရည်ထိခိုက်မှာလားဆိုတာ စိုးရိမ်ဖို့မလိုပါဘူး။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ပဲ အဓိကစိုးရိမ်ရမှာပါ။ ကံကောင်းတာက  ကနဦးသတင်းတွေအရ BIOS update ကြောင့်စွမ်းဆောင်ကွာခြားမှုက အနည်းငယ်သာရှိတယ်လို့သိရပါတယ်။ 

ဘလော့ထဲမှာက Intel စက်တင်ဘာလထဲမှာ နောက်ထပ် update တစ်ခုထုတ်ပြန်ပေးဦးမယ်လို့ဆိုထားပါတယ်။ ဒါကြောင့် Intel က ဘာအချက်အလက်အသစ်တွေ ထုတ်ပြန်သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပါ။

Source: Tom's Hardware

Post a Comment

0 Comments