Subscribe Us

header ads

AMD က Ryzen 9000 စီးရီး Desktop Processor များအတွက် AGESA 1.2.0.2 အသစ်ကို ထုတ်ပြန်၊ Ryzen 7 9700X နှင့် 9600X တို့အတွက် cTDP ကို 105W သို့ပြောင်းလဲ


Image: AMD

AMD က ဒီနေ့မှာ Ryzen 9000 'Granite Ridge' desktop processor တွေအတွက် မိတ်ဆက်မှု လေးခုကို ကြေညာလိုက်ပါတယ်။ အဓိကအားဖြင့် ဒီကြေညာချက်တွေက ဒီနှစ်သြဂုတ်လအစမှာမိတ်ဆက်ထားခဲ့တဲ့ processor တွေကို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေမယ့်အရာတွေဖြစ်ပါတယ်။ 

ပထမဆုံးအနေနဲ့, AMD က Ryzen 7 9700X နဲ့ Ryzen 5 9600X processor တွေအတွက် 105 W cTDP mode (configurable TDP) ကို မိတ်ဆက်လိုက်ပြီး warranty ကိုလည်း အပြည့်ပေးထားပါတယ်။ အဆိုပါ cTDP mode ကို AGESA ComboAM5 PI 1.2.0.2 microcode ထည့်သွင်းထားတဲ့နောက်ဆုံးထွက် UEFI firmware တင်ထားတဲ့ motherboard မှာ enable လုပ်နိုင်မှာပါတယ်။ ဒီလို enable လုပ်လိုက်တဲ့အခါ 9700X နဲ့ 9600X processor တွေရဲ့ PPT (package power tracking) ကို 140 W အထိမြှင့်တင်ပေးပြီး 105 W TDP processor တွေလို စွမ်းဆောင်ရည်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ ဒီ processor တွေကို AMD က 65 W (88 W PPT) အနေအထားနဲ့ စတင်ထုတ်လုပ်ထားတာဖြစ်ပေမယ့် power unlock လုပ်လိုက်မယ်ဆိုရင် stock clock speed တွေမှာ စွမ်းဆောင်ရည်တိုးလာစေပြီး boost frequency ကို ပိုမိုအသုံးပြုနိုင်စေမှာဖြစ်ကြောင်း reviewer တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Image: AMD

နောက်တစ်ခုကတော့ အဆင့်မြှင့်တင်ထားတဲ့ AGESA PI 1.2.0.2 microcode ပါပဲ။ ဒီ AGESA အသစ်က 9700X နဲ့ 9600X အတွက် 105 W cTDP mode ကို ပေးအပ်နိုင်သလို Ryzen 9 9900X နဲ့ Ryzen 9 9950X processor တွေရဲ့ core-to-core latency ကိုလည်း ကောင်းမွန်လာအောင်လုပ်ဆောင်ပေးပါတယ်။ ဒီ processor တွေမှာ CPU complex dies (CCDs) နှစ်ခုပါဝင်ပြီး CCD တစ်ခုချင်းမှာ core ၆ခု (သို့မဟုတ်) core ၈ခု ပါဝင်ပါတယ်။ ဆော့ဖ်ဝဲအတွက်ဆိုရင်တော့ ဒီ processor တွေဟာ single-socket CPU လို့သာမြင်မှာဖြစ်ပါတယ်။ ဒါပေမယ့် dual-CCD architecture ဖြစ်တဲ့အတွက် CCD တစ်ခုတည်းမှာရှိအောင် localization လုပ်ပေးတဲ့ OS scheduler ပါတယ်ဆိုပေမယ့် ဂိမ်းလို အချို့သော workload တွေမှာတော့ core-to-core latency က dual-CCD chips တွေမှာ မြင့်နေသေးကြောင်း reviewer တွေက မှတ်ချက်ပေးခဲ့ပြီး core တစ်ခုနဲ့တစ်ခုကူးပြောင်းချိန် (သို့မဟုတ်) media encoding လို multithreaded workload တွေမှာ စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်လို့ဆိုပါတယ်။ AMD ကတော့ ဒီပြဿနာကို AGESA PI 1.2.0.2 update မှာ ပြင်ဆင်ပေးထားပါတယ်။

Image: AMD

AMD အနေနဲ့ multithreaded workloads မှာ မလိုလားအပ်တဲ့ core-to-core latency မြင့်မားမှုနဲ့ မဖြစ်သင့်တဲ့ core-parking ကိုဖြစ်စေတဲ့ နည်းပညာဆိုင်ရာ ရှုထောင့်ကို ဖော်ပြထားပါတယ် -

ဒီလိုဖြစ်ရတာက Ryzen 9 9000 series processor ရဲ့  မတူညီတဲ့ cores တွေအကြား သတင်းအချက်အလက်မျှဝေသည့်အခါ read နဲ့ write ကိုပြုလုပ်ဖို့အဆင့်၂ဆင့်လိုအပ်တာကြောင့်ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကိုပို Ryzen 9000 series မိတ်ဆက်ချိန်ကတည်းက အကောင်ဆုံးဖြစ်အောင် လုပ်ဆောင်နေပါတယ်။ အခု 1.2.0.2 BIOS update မှာဆိုရင် အဆင့်တစ်ဝက်ကိုလျော့ချနိုင်ခဲ့လို့ multi-CCD model တွေမှာ core-to-core latency နည်းပါးအောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ AMD အဆိုအရ latency ရှိတဲ့ workloads တွေမှာလည်း စွမ်းဆောင်ရည်တိုးတက်လာမှာဖြစ်ပြီး အထူးသဖြင့် gaming မှာ core-parking မဖြစ်စေဘူးလို့ဆိုပါတယ်။ ဒါ့အပြင်, Metro, Starfield, Borderlands 3 အစရှိတဲ့ ဂိမ်းတွေနဲ့ 3DMark Time Spy လို စမ်းသပ်ချက်တွေမှာလည်း စွမ်းဆောင်ရည်တိုးတက်လာမယ်လို့ အတည်ပြုပေးထားပါတယ်။

Image: AMD

နောက်တစ်ခုကတော့ AMD EXPO အထောက်အပံ့ကို DDR5-8000 အထိ ထည့်သွင်းပေးထားပြီး, 1:2 UCLK:MCLK ratio ကို အသုံးပြုပေးတာဖြစ်ပါတယ်။ ဒီလိုနဲ့ memory ထုတ်လုပ်သူတွေက AMD EXPO profile ပါဝင်တဲ့ DDR5-6800၊ DDR5-7200၊ DDR5-7600 နဲ့ DDR5-8000 speed တွေထုတ်လုပ်လာမှာဖြစ်ပါတယ်။ EXPO profile က Intel XMP လို memory kit ရဲ့ advertised speeds နဲ့ timings တွေကို အလွယ်ကူဆုံး enable လုပ်နိုင်အောင်ဆောင်ရွက်ပေးထားပါတယ်။

Image: AMD

AMD က စွမ်းဆောင်ရည်မြှင့်တင်ပေးတဲ့ branch prediction optimizations ပါဝင်တဲ့ Windows Update အကြောင်းကိုလည်း အနည်းငယ်ပြောဆိုသွားခဲ့ပြီးအခုဆိုရင် ပင်မ Windows Update မှာပါဝင်လာပြီဖြစ်ပါတယ်။

Image: AMD

Image: AMD

Image: AMD

Image: AMD

နောက်ဆုံးအနေနဲ့ AMD X870E နဲ့ X870 chipset motherboard တွေကို ယနေ့စတင်ဝယ်ယူနိုင်ပြီလို့ဆိုပါတယ်။ Ryzen 9000 series processors တွေကို AMD 600-series motherboard တွေမှာ update လုပ်ပြီးအသုံးပြုနိုင်သလို AMD 800-series motherboard တွေမှာတော့ out of the box အနေအထားနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 40 Gbps USB4 နဲ့ Wi-Fi 7 networking လို I/O features တွေလည်းပါ ပါဝင်လာမှာဖြစ်ပါတယ်။

Source: Techpowerup

Post a Comment

0 Comments