Subscribe Us

header ads

AMD မှ ဂိမ်းအသားပေး RDNA နှင့် data center အသားပေး CDNA graphics architectures ၂ခုကို "UDNA" GPU Architecture တစ်ခုတည်းအဖြစ် ပေါင်းစပ်မည်

Image via Wccftech

Tom's Hardware ရဲ့ သတင်းအရ AMD ဟာ သူတို့ရဲ့  ဂိမ်းအသားပေး RDNA နဲ့ data center အသားပေး CDNA graphics architectures ၂ခုကို "UDNA" လို့ခေါ်တဲ့ တစ်ခုတည်းသော ဘက်စုံသုံး design အဖြစ် ပေါင်းစပ်ဖို့စီစဥ်နေတယ်ဆိုတဲ့အကြောင်း ကြေညာချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ကြေညာချက်ကို AMD ရဲ့ Computing and Graphics Business Group ရဲ့ အကြီးအကဲဖြစ်တဲ့ Jack Huynh က ဘာလင်မှာ ကျင်းပတဲ့ IFA 2024 ပွဲမှာ ပြောကြားခဲ့တာပါ။ ဒီ UDNA architecture အသစ်ရဲ့ ရည်ရွယ်ချက်ကတော့ developer တွေအနေနဲ့ အက်ပလီကေးရှင်းတွေဖန်တီးရာမှာ consumer-grade GPU ဖြစ်တဲ့ Radeon RX 7900XTX နဲ့ high-end data center GPU ဖြစ်တဲ့ Instinct MI300 တွေကို သီးခြား optimized လုပ်ပေးစရာမလိုဘဲ Architecture တစ်ခုကိုသာ  optimized လုပ်စရာလိုအောင် စီမံထားတာဖြစ်ပါတယ်။ ဒါက NVIDIA ရဲ့ CUDA နဲ့ဆင်တူပြီး CUDA အသားပေး developer တွေအနေနဲ့ laptop တွေကနေ datacenter တွေအထိ  အက်ပလီကေးရှင်းအားလုံးကို လည်ပတ်နိုင်မှာပါ။

Jack Huynh က "အခုတော့ ကျွန်တော်တို့မှာ data center GPU အတွက် CDNA architecture နဲ့ consumer အတွက် RDNA architecture ရှိတယ်။ ဒါက သီးခြားစီပါ။ အခုနောက်ပိုင်းမှာတော့ UDNA လို့ ပြောင်းသွားလဲသွားမှာပါ။ Instinct နဲ့ client (consumer) အတွက် architecture တစ်ခုတည်းပဲရှိတော့မှာပါ။ ဒီလို ပြောင်းလဲမှုကြောင့် developer တွေအတွက် အလုပ်တွေ လုပ်ရတာ ပိုလွယ်ကူသွားမှာဖြစ်ပြီး၊ အခုလို architecture သီးခြားဖြစ်နေတဲ့အခြေအနေမှာတော့ သိသာတဲ့ အခက်အခဲတွေ ရှိနေပါတယ်" လို့ဆိုပါတယ်။

Jack Huynh ရဲ့အဆိုအရ "အတိတ်မှာတော့ RDNA architecture မှာ အမှားတွေလုပ်ခဲ့မိပါတယ် memory hierarchy၊ subsystem တွေပြောင်းလဲလိုက်တာနဲ့ optimization matrix က ပြန်စနေရပါတယ်။ ကျွန်တော်ဒီလိုမလုပ်ချင်ပါဘူး။ အခုတော့ RDNA 5, RDNA 6, RDNA 7 အကြောင်းတွေပဲ စဉ်းစားစရာမလိုတော့ပဲ၊ UDNA 6 နဲ့ UDNA 7 အကြောင်းကိုသာစဉ်းစားဖို့လိုပါတော့တယ်။ တခြား optimization တွေ လုပ်ပြီးသွားတဲ့အခါမှာ နောက်ထပ်မျိုးဆက်၃ခုစာလောက်စီစဥ်ထားပါတယ်။ ကျွန်တော့်အနေနဲ့ optimization တွေလျော့ပါးစေတဲ့ memory hierarchy ကိုပြောင်းလဲဖို့ မလိုအောင် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ forward နဲ့ backward compatibility အပြည့်ရအောင်တွန်းအားပေးနေပါတယ်။ ဒါကို ကျွန်တော်တို့ Xbox မှာ လုပ်နိုင်ခဲ့ပါတယ်၊ သူက သေချာပြင်ဆင်ဖို့လိုပြီး အချိန်ပိုယူရပါတယ်။ မိမိတို့အနေနဲ့ လုပ်စရာတွေလည်းအများကြီးကျန်ပါသေးတယ် ဒါပေမယ့် ဒီလမ်းကြောင်းအတိုင်းဆက်သွားမှာပါ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

AMD အနေနဲ့ CDNA ကို RDNA ထဲကနေခွဲထုတ်ခဲ့စဥ်မှာ ကုမ္ပဏီအနေနဲ့ သီးခြားလမ်းကြောင်း၂ခုကြောင့် ကုမ္ပဏီအနေနဲ့ စီမံခန့်ခွဲရတာ လွယ်ကူမယ်လို့ထင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့မှာတော့ အဆင်မပြေခဲ့ပါဘူး။ optimization အတွက် သီးခြားအဖွဲ့၂ခုခွဲပြီး ကိုင်တွယ်ရတာက ထောက်ပံ့ရေးပိုင်းနဲ့ engineering ပိုင်း ၂ခုလုံးအတွက် အခက်အခဲများစွာရှိခဲ့ပါတယ်။ ဒါတင်မက GPU architectures ကို monolithic structure တစ်ခုတည်းအဖြစ် ပြောင်းလဲပေါင်းစည်းတာက ရေရှည်မှာကုမ္ပဏီအတွက် အကျိုးရှိမယ်လို့ ယူဆထားပြီး gaming အသားပေးနဲ့ compute အသားပေးအဖွဲ့၂ခုလုံးအတူတကွအလုပ်လုပ်နိုင်တာကြောင့် ထုတ်ကုန်အသစ်တွေဖန်တီးရာမှာ ပိုမိုလွယ်ကူစေမှာပါ။ ဒီမဟာဗျူဟာက NVIDIA ရဲ့ CUDA နဲ့ ဆင်တူပြီး AMD စီစဥ်နေတဲ့ AI ဒါမှမဟုတ် ray tracing အတွက် special accelerators တွေကို ထည့်သွင်းထားတဲ့ သူတို့ရဲ့ Architecture ကို လမ်းကြောင်းတစ်ခုတည်းမှာ တည်ရှိစေမှာဖြစ်ပါတယ်။

Source: Techpowerup

Post a Comment

0 Comments