Subscribe Us

header ads

Microsoft Flight Simulator 2024 ကို Steam တွင် ကြိုတင်မှာယူနိုင်ပြီ

Microsoft Flight Simulator 2024 ဟာ ဒီနှစ်ထဲမှာလေကြောင်းဝါသနာရှင်တွေရဲ့ မျှော်လင့်‌စောင့်စားနေရတဲ့ ဂိမ်းတစ်ခုဆိုလည်းမှားမယ်မထင်ပါဘူး။ ဒီဂိမ်းမှာ ပျံသန်းမှုဆိုင်ရာ simulation စံနှုန်းအသစ်တွေကို ပြန်လည်သတ်မှတ်ဖို့ရှိပြီး ထူးခြားတဲ့ နည်းပညာနဲ့ လုပ်ဆောင်ချက်အသစ်တွေထည့်သွင်းထားတဲ့ ဂိမ်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်မှုတွေကြောင့် ပိုမိုလှပပြီး အကောင်းဆုံးမြင်ရမှာဖြစ်သလို ဂိမ်းကိုကစားရတဲ့အပိုင်းမှာလည်း ပိုမိုနှစ်သက်ဖွယ်ကောင်းလာမှာပါ။ ဒါကြောင့် ဒါကြောင့် ဂိမ်းကစားရတာကိုနှစ်သက်သလို လေကြောင်းလောကမှာဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်လာသူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဒီဂိမ်းမှာဘာတွေထူးခြားသွားမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။

Microsoft Flight Simulator 2024 မှာကစားသူအနေနဲ့ အပြင်မှာလို လေယာဥ်ကို Pre-Flight Inspection ပြုလုပ်နိုင်သလို Career Mode တစ်ခုလည်းပါဝင်ပြီး စိတ်ကြိုက်ဇာတ်ကောင်တစ်ခုကိုဖန်တီးကာ ကမ္ဘာရဲ့ ဘယ်လေဆိပ်ကမဆို လေယာဥ်မှူးဘဝကို စတင်နိုင်မှာဖြစ်ပါတယ်။ 

Career Mode မှာ RPG ဂိမ်းဆန်ဆန် Skill Tree တွေပါဝင်ပြီး အပြင်ကလေယာဥ်မှူးတစ်ယောက်လို လူနာတင်တာ၊ ဝေးလံခေါင်ဖျားတဲ့ဒေသကို ကုန်စည်တွေပေးပို့တာ၊ လေယာဥ်နဲ့မီးသတ်တာ၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်တာ အစရှိတဲ့ certification တွေကို တစ်ခုခြင်းရယူသွားရနိုင်ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ Flight Plan တွေလည်းဆောင်ရွက်နိုင်မှာဖြစ်သလို ဘယ်လေယာဥ်မဆို Electronic Flight Bag (EFB) တွေသုံးနိုင်လာမယ်လို့ဆိုပါတယ်။ ဒါတင်မက ယခင်က add-on အသုံးပြုခဲ့ရတဲ့ real-time shipping traffic ကိုလည်း Microsoft Flight Simulator 2024 မှာတပါတည်းပေါင်းစပ်ပေးထားမှာဖြစ်ပါတယ်။

Graphics နှင့် Physics ဆိုင်ရာတိုးတက်လာမှုများ

Microsoft Flight Simulator 2024 ရဲ့ အဓိက အဆင့်မြှင့်တင်မှုတစ်ခုကတော့ မြေမျက်နှာသွင်ပြင်နဲ့ သဘာဝပတ်ဝန်းကျင်ဟာ အရင်ဗားရှင်းထက် အဆ ၄၀၀၀ ကောင်းမွန်မှာ ဖြစ်ပါတယ်။ မြေမျက်နှာသွင်ပြင်တွေမှာ 3D နဲ့ ဖန်တီးထားတဲ့ ကျောက်ခဲတွေ၊ သဲတွေနဲ့ မြက်ခင်းတွေလည်း ပါဝင်လာပါပြီ။ 

ဒါဟာ ရုပ်ထွက်ပိုင်းမှာ ကောင်းမွန်လာသလို ဂိမ်းကစားရာမှာလည်း သက်ရောက်မှုရှိလာမှာပါ။ အဲဒီမြေမျက်နှာသွင်ပြင်တွေက လေယာဉ်ရဲ့ ပျံတက်ချိန် နဲ့ ဆင်းသက်ချိန်တွေမှာ သက်ရောက်မှုရှိပြီး လေယာဉ်ဘီးအောက်က မျက်နှာပြင် texture အပေါ်မူတည်ပြီး ပျံသန်းမှုတွေကို ကွာခြားစေမှာပါ။ ဒါ့အပြင် Microsoft Flight Simulator 2020 တုန်းက Bing Map ကိုအခြေခံခဲ့ပေမယ့် ဒီဂိမ်းအသစ်မှာ Maxar နဲ့ပူးပေါင်းပြီး ပိုမိုသစ်လွင်တဲ့ဂြိုလ်တုဓာတ်ပုံတွေအသုံးပြုထားမယ်လို့ဆိုပါတယ်။

လေထုကိုသရုပ်ဖော်ရာမှာလည်း သိသာထင်ရှားတဲ့ တိုးတက်မှုရှိလာပါတယ်။ lighting dynamics ပိုကောင်းမွန်လာတဲ့အတွက် အထူးသဖြင့် နေဝင်နေထွက်အချိန်တွေမှာ ပိုမိုအသက်ဝင်လာပါတယ်။  တိမ်မျှင်တွေလို တိမ်အသစ်တွေနဲ့ ပိုမိုကောင်းမွန်အောင်ဖန်တီးထားတဲ့ ရာသီဥတုသက်ရောက်မှုတွေကြောင့် မိုးရွာချိန်နဲ့ မိုးသက်မုန်တိုင်းကျရောက်ချိန်တွေဟာ ပိုမိုအသေးစိတ်ကျပြီး ပျံသန်းဖြတ်ကျော်ခြင်းဟာ စိတ်ဝင်စားဖွယ်ကောင်းလာမှာပါ။


ဒီထူးခြားတဲ့ ပျံသန်းခြင်းအတွေ့အကြုံက ကမ္ဘာကြီးရဲ့ “ဒီဂျစ်တယ်အမွှာ” ကို ဖန်တီးမယ့် ဂိမ်းရဲ့အရေးကြီးဆုံး ရည်မှန်းချက်တစ်ခုဖြစ်ပြီး ရှုခင်းသာမက သတ္တဝါတွေရဲ့ လှုပ်ရှားမှုကိုလည်း အသက်ဝင်အောင် အားထုတ်ထားပါတယ်။

System Requirements နှင့် Cloud Streaming

Microsoft Flight Simulator 2024 မှာ ရုပ်ပုံပိုင်းဆိုင်ရာအဆင့်မြှင့်တင်မှုတွေကြောင့် system performance ပိုင်းမှာတော့ အများကြီးလိုအပ်လာပါတယ်။ System Requirements အပြည့်အစုံကအောက်ပါအတိုင်းဖြစ်ပါတယ်။

Minimum Specifications

Minimum Specs (NVIDIA / Intel)
Min OS Version: Windows 10 (Latest update)
DirectX Version: DX12
CPU: Intel Core i7-6800K
GPU: GeForce GTX 970
VRAM: 4 GB
RAM: 16 GB
Storage: 50 GB
Bandwidth: 10 Mbps

Minimum Specs (AMD)
Min OS Version: Windows 10 (Latest update)
CPU: AMD Ryzen 5 2600X
GPU: Radeon RX 5700
VRAM: 4 GB
RAM: 16 GB
Storage: 50 GB
Bandwidth: 10 Mbps
DirectX Version: DX12

Recommended Specifications

Recommended Specs (NVIDIA / Intel)
Min OS Version: Windows 10 (Latest update)
DirectX Version: DX12
CPU: Intel Core i7-10700K
GPU: GeForce RTX 2080
VRAM: 8 GB
RAM: 32 GB
Storage: 50 GB
Bandwidth: 50 Mbps

Recommended Specs (AMD)
Min OS Version: Windows 10 (Latest update)
DirectX Version: DX12
CPU: AMD Ryzen 7 2700X
GPU: Radeon RX 5700 XT
VRAM: 8 GB
RAM: 32 GB
Storage: 50 GB
Bandwidth: 50 Mbps

Ideal Specifications

Ideal Specs (NVIDIA / Intel)
Min OS Version: Windows 10 (Latest update)
DirectX Version: DX12
CPU: Intel i7-14700K
GPU: GeForce RTX 4080
VRAM: 12 GB
RAM: 64 GB
Storage: 50 GB
Bandwidth: 100 Mbps

Ideal Specs (AMD)
Min OS Version: Windows 10 (Latest update)
DirectX Version: DX12
CPU: AMD Ryzen 7 7900X
GPU: Radeon RX 7900 XT
VRAM: 12 GB
RAM: 64 GB
Storage: 50 GB
Bandwidth: 100 Mbps

အထူးခြားဆုံးက "Ideal Spec" မှာ RAM 64GB လိုအပ်မှုပါ။ ဒါဟာ အကြီးမားဆုံးလို့ဆိုနိုင်တဲ့ နည်းပညာပိုင်းနဲ့ မြေပြင်အသေးစိတ်အချက်အလက်တွေနဲ့အတူ လက်တွေ့ရာသီဥတုအခြေအနေတွေကို ထိတွေ့မိစေဖို့ စီမံထားတာပါ။ သို့ပေမယ့် install ပြုလုပ်ရယ့် ဖိုင်အရွယ်အစားကတော့ 30 GB သာဖြစ်ပြီး အရင်လိုစက်မှာ install ဖို့မလိုအပ်ပဲ cloud streaming နည်းပညာကြောင့်လည်း ဖိုင်အရွယ်အစားကိုလျှော့ချပေးနိုင်ပါတယ်။ Cloud Streaming ကို အားကိုးရတဲ့အတွက် "Ideal Spec" မှာ အင်တာနက်မြန်နှုန်းက 100 Mbps အထိမြင့်တက်လာတယ်လို့ဆိုပါတယ်။

ဒီ Cloud Streaming နည်းပညာအသစ်ကြောင့် ကစားသူတွေဟာ ပျံသန်းမယ့်လမ်းကြောင်းသီးသန့်အတွက် လိုအပ်တဲ့ data တွေကိုသာ stream လုပ်ဖို့လိုအပ်တာမို့ bandwidth နဲ့ စက်ကိုလည်း ဝန်မပိစေပါဘူး။ ဥပမာ ကစားသူတစ်ယောက်အနေနဲ့ ဥရောပတိုက်ကို ပျံသန်းမယ်ဆိုရင် တစ်ကမ္ဘာလုံးရဲ့ high-resolution textures တွေ download လုပ်ထားစရာမလိုပဲ လမ်းကြောင်းမှာလိုအပ်တဲ့ အချက်အလက်တွေသာလိုအပ်မှာပါ။

ဒီစနစ်ကြောင့် စက်ပေါ်က ဂိမ်းအရွယ်အစားကိုလျော့ချနိုင်ရုံသာမက resource-heavy assets တွေဖြစ်တဲ့ လေဆိပ်တွေနဲ့ အထင်ကရအဆောက်အအုံတွေကို လိုအပ်ချိန်မှသာ cloud မှရယူပြီး ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုရရှိစေမှာပါ။ အရင် Microsoft Flight Simulator 2020 မှာဆိုရင် update အားလုံးတင်ပြီးတဲ့အခါ 400GB ကျော်ရှိလာမှာဖြစ်ပြီး ထွက်ထားသမျှ add-on တွေသွင်းလိုက်မယ်ဆိုရင် 2TB လောက်အထိရှိလာမှာပါ။ အခုဆိုရင် cloud streaming ကြောင့် သုံးစွဲသူဟာ အတိအကျ လိုအပ်တဲ့ ကိုသာ download လုပ်ပြီး ဂိမ်းကို လုပ်ငန်းစဉ်မပျက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ဖြတ်သန်းနိုင်မှာပါ။

နောက်ထပ် ဆန်းသစ်တီထွင်မှုတစ်ခုကတော့ မိုးပျံပူဖောင်းတွေအတွက် အပူ၊ သိပ်သည်းမှုနဲ့ ရူပဗေဒတွေကို ပုံဖော်ထားတဲ့ "soft body simulation" ဖြစ်ပြီး အလွန်အသက်ဝင်တဲ့ ပျံသန်းမှုအတွေ့အကြုံကို ပေးစွမ်းနိုင်တာပါ။ ဒါတွေသာမက Cirrus Vision Jet လိုလေယာဥ်အတွက်လေထီးဖွင့်တာနဲ့ လေယာဉ်ပေါ် လေအားသက်ရောက်မှုတွေလည်းပါဝင်တာကြောင့် ကစားရတာပိုမိုကောင်းမွန်စေပြီး ကစားသူတွေအတွက် challenges အသစ်တွေကိုလည်းမိတ်ဆက်ပေးမှာဖြစ်ပါတယ်။

Pre-Orders နှင့် Edition များ

အခုဆိုရင် Microsoft Flight Simulator 2024 ကို Xbox နဲ့ PC အတွက် ကြိုတင်မှာယူမှုပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ Microsoft Flight Simulator 2024 မှာ Digital Edition ၄မျိုး အပြင် Physical Edition  ၂မျိုးနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။



Digital Edition ၄မျိုးမှာဆိုရင် Standard Edition မှာ လေယာဥ်အမျိုးအစား ၇၀နဲ့ လေဆိပ် ၁၅၀၊ Deluxe Edition မှာတော့ Standard ထက် လေယာဥ်အမျိုးအစား ၁၀ခု နဲ့ လေဆိပ် ၅ခု ထိပ်တိုးပါဝင်ကာ Premium Deluxe Edition မှာတော့ နောက်ထပ် လေယာဥ်အမျိုးအစား ၁၀ခုထပ်တိုးပါဝင်လာပါတယ်။ အမြင့်ဆုံးကတော့ Aviator Edition ဖြစ်ပြီး အပေါ်ကပါသမျှအာလုံးအပြင် Microsoft Flight Simulator (2020) Marketplace ထဲက လေယာဥ်အမျိုးအစား ၃၀ခုပါဝင်မှာမို့ လေယာဥ် ၁၂၅မျိုးပါဝင်မှာဖြစ်ပါတယ်။

Physical Edition ၂ခုမှာ အထူးခြားဆုံးကတော့ လေယာဉ်ဝါသနာအိုးတွေ အတွက် သီးသန့်အမှတ်တရပစ္စည်းတွေ ပါဝင်တဲ့ Limited Collector’s Edition ဖြစ်ပါတယ်။ ဒီ Edition ထဲမှာတော့ ကမ္ဘာ့အကြီးဆုံးကုန်တင်လေယာဉ်ဖြစ်တဲ့ Antonov An-225 လေယာဉ်မော်ဒယ်တစ်ခုနဲ့ Flight Bag တစ်ခုအပြင် လေကြောင်းသမိုင်းနဲ့ဆိုင်တဲ့ items တွေလည်း ပါဝင်ပါတယ်။ 


Collector’s Edition မှာ Premium Deluxe game code နဲ့ Digital bonuses တွေလည်း ပါဝင်ပြီး, ပရိတ်သတ်တွေအတွက် အပိုထပ်ဆောင်းခံစားခွင့်တွေ ရရှိမှာပါ။ Limited Collector’s Edition ကို AEROSOFT ကရောင်းချတာဖြစ်ပြီး $259.99ကျသင့်မှာပါ။ ဒါ့အပြင် Premium Deluxe SteelBook® Edition လည်းရှိသေးပြီး Premium Deluxe Edition game code အပြင် Jumbo SteelBook case နဲ့ pilot's lanyard တို့ပါဝင်ပါတယ်။


Microsoft Flight Simulator 2024 ကို ၀ယ်ယူမယ်ဆိုရင်တော့ စျေးနှုန်းတွေအနေနဲ့ Standard Edition အတွက် $70၊ Deluxe Edition အတွက် $100၊ Premium Deluxe Edition အတွက် $130 နဲ့ Aviator Edition ကို $200 ကျသင့်မှာဖြစ်ပါတယ်။ Microsoft Flight Simulator 2024 ဟာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့မှာ ထွက်ရှိလာမယ့် Microsoft Flight Simulator ကို ဂိမ်းမထွက်ခင် ကြိုတင်မှာယူမယ်ဆိုရင် Microsoft Flight Simulator (2020) မှာ De Havilland Canada CL-415 မီးသတ်လေယာဥ်ကို အသုံးပြုခွင့်ရရှိမှာပါ။ PC Game Pass သမားတွေအနေနဲ့လည်း ဂိမ်းပထမဆုံးစတင်ထွက်ရှိတဲ့နေ့မှာပဲ Standard Edition ကို ကစားခွင့်ရမှာဖြစ်ပါတယ်။ 

Source: Microsoft Flight Simulator, MSFS Addons and Tom’s Hardware

Post a Comment

0 Comments