Image: PlayStation |
PlayStation 5 Pro မှာ ပုံမှန် PS5 ထက် ဂိမ်းတွေကို rendering ၄၅% ပိုမြန်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ "ရှင်းရှင်းပြောရရင် ကျွန်တော်တို့ တည်ဆောက်ခဲ့သမျှဂိမ်းစက်တွေထဲမှာ အစွမ်းထက်ဆုံးသော console ဖြစ်ပြီး PS5 family အတွက် တန်ဖိုးရှိတဲ့ ထည့်သွင်းမှုတစ်ခုပါ" လို့ PlayStation ရဲ့ Lead Architect ဖြစ်သူ Mark Cerny က ဆိုပါတယ်။
Image: PlayStation |
Sony က ပြောကြားချက်အရ game developers တွေဟာ ဂရပ်ဖစ်စွမ်းဆောင်ရည်ပိုမိုမြင့်မားတဲ့ ဂိမ်းစက်ကို လိုအပ်နေကြပြီး၊ PS5 ကို ၂၀၂၀ နိုဝင်ဘာလမှာ စတင်မိတ်ဆက်ပြီးနောက်ပိုင်းမှာလည်း ဒါကို ထပ်မံလိုအပ်နေကြပြန်ပါတယ်။ ဒါ့အပြင် PS5 ပိုင်ရှင်တွေရဲ့ သုံးပုံနှစ်ပုံကျော်ဟာ frame rates မြင့်တင်ပေးနိုင်တဲ့ "performance mode" ကိုအသုံးပြုကြပါတယ်။ ဆိုလိုတာက ဂိမ်းရုပ်ထွက်ပိုကောင်းပြီး frame rates နည်းသွားတဲ့ fidelity mode အစား ဂိမ်းကစားရတာပိုမိုချောမွေ့တာကိုပဲ ဦးစားပေးကြပါတယ်။
Image: PlayStation |
သုံးစွဲသူတွေကို နှစ်ခုလုံးရရှိအောင်ပေးနိုင်အတွက် Sony က frame rate ကို 60fps အမြဲတန်းထုတ်ပေးနိုင်တဲ့အပြင် မြင့်မားတဲ့ graphics quality ကိုလည်း ထိန်းသိမ်းထားတဲ့ PS5 Pro ကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုထွက်ရှိလာတဲ့ PlayStation 5 Pro မှာ ပိုမိုကြီးမားတဲ့ GPU နဲ့အတူ ၆၇% ပိုမိုများပြားတဲ့ compute units နဲ့ ၂၈% ပိုမိုမြန်ဆန်တဲ့ RAM ကို ပါဝင်ပါတယ်။
Pro console ဟာ ray tracing ကို ပိုမိုမြန်ဆန်စေဖို့အတွက်လည်း အဆင့်မြှင့်ထားပြီး၊ ဂိမ်းတွေထဲမှာ သဘာဝကျတဲ့အလင်းနှင့် အရိပ်တွေကို ပုံမှန် PS5 ထက် နှစ်ဆ၊ သို့မဟုတ် သုံးဆအထိ မြန်အောင် render လုပ်ပေးနိုင်ပါတယ်" လို့ Cerny က ဆိုပါတယ်။
Sony ရဲ့ ပြသချက်တွေထဲမှာ PS5 Pro ကို The Last of Us Part II ဂိမ်းအပါအဝင် ဂိမ်းအများအပြားကို ပုံမှန် PS5 နဲ့ နှိုင်းယှဉ်ပြီး အသေးစိတ်ပြသသွားခဲ့ပါတယ်။
Image: PlayStation |
“PS5 Pro မှာ အလွန်ချောမွေ့တဲ့ 60 frames per second ရှိတယ်ဆိုပေမယ့် detail တွေရှိနေမှာပါ” လို့ Cerny က ဆိုပါတယ်။ "ဒါကို PS5 ရဲ့ fidelity mode နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် 30 frames per second သာရှိပြီး ဒီလောက်ချောမွေ့မှာမဟုတ်ဘူး" လို့ဆိုပါတယ်။
Image: PlayStation |
PlayStation 5 Pro ဂိမ်းစက်ကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ $699.99 နဲ့ စတင်ရောင်းချမှာဖြစ်ပြီး ကြိုတင်မှာယူမှုကို ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာပြုလုပ်နိုင်ပါတယ်။
Source: PlayStation and PCMag
0 Comments