Bloomberg ကရရှိတဲ့သတင်းအရ ဂိမ်းမာတွေရဲ့ အသည်းစွဲ Stray ဂိမ်းကို ဖန်တီးဖြန့်ချီခဲ့တဲ့ Annapurna Interactive ကဝန်ထမ်းအားလုံးဟာ နှုတ်ထွက်သွားကြပြီလို့သိရပါတယ်။ Annapurna Interactive ရဲ့ ဥက္ကဌဖြစ်သူ Nathan Gary အပါအဝင် သူ့ရဲ့အဖွဲ့သားတွေဟာ ပိုင်ရှင်ဖြစ်သူ ဘီလီယံနာ Larry Ellison ရဲ့ သမီးဖြစ်သူ Megan Ellison နဲ့ Annapurna Interactive ကို မိခင်ကုမ္ပဏီဖြစ်တဲ့ Annapurna Pictures အောက်မှာ လွတ်လပ်စွာရပ်တည်ခွင့်ပေးဖို့ ညှိနှိုင်းမှုတွေအဆင်မပြေဖြစ်ပြီးနောက် နှုတ်ထွက်သွားခဲ့ကြတာဖြစ်ပါတယ်။ Annapurna Pictures ဟာ Annapurna Interactive အပါအဝင် သူ့လက်အောက်က အခြားလုပ်ငန်းတွေကို ပေါင်းစည်းဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
Source: Bloomberg
0 Comments