သတင်းထုတ်ပြန်ချက် - A10 Networks သည် AI application များကို လုံခြုံမှုရှိစွာဖြန့်ကျက်နိုင်ရန်နှင့် ဆိုက်ဘာခံနိုင်ရည်စွမ်းအားတိုးမြှင့်နိုင်စေရေးအတွက် ရည်ရွယ်သည့် အသေးစိတ်အစီအစဉ်ကို ဖော်ပြလာ
ပေါင်းစပ်ထားသော Solution ပလက်ဖောင်းသည် ဆိုက်ဘာလုံခြုံရေးအန္တရာယ်များကို လျော့နည်းစေရန်၊
သုံးစွဲသူအတွေ့အကြုံတိုးတက်စေရန်နှင့်
IT Infrastructure များကို ပိုမိုရိုးရှင်းစေရန်
ကူညီပေးနိုင်
A10 Networks (NYSE: ATEN) သည် သုံးစွဲသူများ၏ ဆိုက်ဘာခံနိုင်ရည်စွမ်းအားတိုးမြှင့်စေရန်နှင့် AI စွမ်းအားကို အသုံးပြု၍ ၎င်းတို့၏ infrastructure
များကို လုံခြုံစွာစီမံခန့်ခွဲနိုင်ရန်အတွက် ဆိုက်ဘာလုံခြုံရေးအန္တရာယ်လျော့နည်းစေပြီး
သုံးစွဲသူတို့အတွက် အတွေ့အကြုံနှင့် စွမ်းဆောင်ရည် များကို ပိုမိုကောင်းမွန်စေကာ IT
infrastructure များကို ရိုးရှင်းလွယ်ကူစေသည့် လုံခြုံရေးနှင့် AI
အခြေခံ solutions များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
AI-Ready Platform ဖြင့် AI နည်းပညာအသုံးချခြင်းကို ထောက်ပံ့မှု
A10 သည် ၎င်းတို့ထုတ်လုပ်ထားသော Advanced Core Operating System (ACOS) ကို
ဆက်လက်ဖွံ့ဖြိုး တိုးတက်စေရန် လုပ်ဆောင်နေပြီး AI stack ဖြင့်
အပြည့်အဝ ပေါင်းစပ်ထား ပါသည်။ အဆိုပါ ACOS ကို ၂၀၂၄
ခုနှစ်နောက်ပိုင်းတွင် မိတ်ဆက်ရန် စီစဉ်ထားပြီး A10 solutions များသည် အသုံးပြုသူများ၏ AI Inference နှင့် GenAI
environment တို့ကို ပေါင်းစပ်ကာ ဆက်သွယ်ပေးမည် ဖြစ်ပါသည်။ A10
အနေဖြင့် AI ပေါင်းစပ်မှုကို ထပ်မံတိုးချဲ့ရန်
လုပ်ဆောင် လျက်ရှိပြီး အချို့သော computationally intensive tasks များကို load-balance and offload ပြုလုပ်ကာ AI
inference server CPU များ နှင့် GPUs များအား
latency အနည်းဆုံးနှင့် အမြင့်မားဆုံး throughput ကို ပေးအပ်နိုင်မည် ဖြစ်ပါသည်။
A10 Control ဖြင့် ဗဟိုမှ စီမံခန့်ခွဲမှု
A10 Control သည် A10 Thunder ADC နှင့်
A10 Defend ထုတ်ကုန် ၂ခုလုံးကို တစ်နေရာတည်းမှ စီမံခန့်ခွဲနိုင်သည့် ဗဟိုစီမံခန့်ခွဲမှုပလက်ဖောင်းတစ်ခုဖြစ်ပါသည်။
ယခုနှစ်နောက်ပိုင်းတွင် ရရှိနိုင်မည့် အဆိုပါ A10 Control သည်
အသုံးပြုသူများအား မိမိတို့၏ လက်ရှိသုံးစွဲနေသော A10 management consoles မှတစ်ဆင့် A10 Control ကို ချောမွေ့စွာပြောင်းရွေ့နိုင်ပြီး
၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ပိုမိုရိုးရှင်းစေမည်ဖြစ်ပါသည်။ ၄င်းတို့အနေဖြင့်
traffic အားလုံးကို မြင်တွေ့နိုင်သည့် dashboard တစ်ခုတည်းမှ A10 device များကို အလိုအလျောက် အဆင့်မြှင့်
တင်ခြင်း၊ လိုအပ်သည့် flexible licenses များကို စီမံခန့်ခွဲခြင်းနှင့်
စနစ်၏ အခြေအနေအား စောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်နိုင် ပါသည်။
AI အထောက်အကူပြု Bot ကာကွယ်မှု
A10 Networks သည် ၎င်းတို့၏ ဆိုက်ဘာလုံခြုံရေးနည်းလမ်းများကို
ဆက်လက်တိုးချဲ့နေပါသည်။ A10 ၏ web application security)၊ DDoS detection and mitigation နှင့်
DDoS threat intelligence solutions) များတွင် ပေါင်းစပ်ခြင်းအပြင်
ယခုအခါ A10
Defend တွင် AI နည်းပညာကို
အသုံးပြုသည့် bot ကာကွယ်ရေးစနစ်လည်း
ပါဝင်လာမည်ဖြစ်ပါသည်။ အဆိုပါ solution သည် ဖောက်သည်များ၏ applications
များကို bot အန္တရာယ်များမှ ကာကွယ်ပေးနိုင်ပြီး
ယခုအခါ လေ့လာစမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။
လုပ်ငန်းသုံး DDoS ကာကွယ်မှု
A10 Defend ၏ DDoS ကာကွယ်မှုစနစ်သည်
ကမ္ဘာ့အကြီးမားဆုံး service providers အချို့ကို ကာကွယ်ပေးလျက်ရှိပါသည်။
A10 သည် စီးပွားရေးလုပ်ငန်းကြီးများ၏ လိုအပ်ချက်များနှင့်
ကိုက်ညီစေရန် multi-vector နှင့် volumetric DDoS တိုက်ခိုက်မှုများကို တိုက်ဖျက်နိုင်ရန်အတွက် ၎င်းတို့၏လုပ်နိုင်စွမ်းကို တိုးချဲ့လာခဲ့ပါသည်။
၎င်းသည် လက်ရှိ A10 Defend on-premises DDoS ကာကွယ်ရေးစနစ်နှင့်
တွဲဖက်ပြီး cloud တွင် volumetric DDoS တိုက်ခိုက်မှုများကိုလည်း ကာကွယ်နိုင်အောင် ထောက်ပံ့ပေးထားကာ အင်တာနက်လင့်ခ်
သို့မဟုတ် on-premises စွမ်းဆောင်ရည်ထက်ကျော်လွန်သည့် တိုက်ခိုက်မှုများကို
ထိရောက်စွာကာကွယ်ပေးနိုင်ပါသည်။
A10 Defend နှင့် A10 infrastructure portfolios
များသည် စီးပွားရေးလုပ်ငန်းကြီးများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား
၎င်းတို့၏ IT လုပ်ငန်းများကို ရိုးရှင်းလွယ်ကူစေရန်၊ ဆိုက်ဘာ
လုံခြုံရေးအန္တရာယ်များကို လျော့ချရန်နှင့် သုံးစွဲသူအတွေ့အကြုံကိုမြှင့်တင်ရန်
အထောက်အကူပြု နေပါသည်။
"A10 သည် နည်းပညာဆန်းသစ်မှုများနှင့်အတူ စီးပွားရေးလုပ်ငန်းများ၏
လုံခြုံရေးနှင့် ဆက်သွယ်မှု ဆိုင်ရာ ရည်မှန်းချက်များ ထိရောက်အောင်မြင်စေရန် နှစ်ပေါင်း
၂၀ ကျော် အကူအညီပေးလာခဲ့ ပါသည်။ နည်းပညာအခင်းအကျင်းသည် အလျင်အမြန်တိုးတက်ပြောင်းလဲနေသည်နှင့်အမျှ
ဖောက်သည်များအနေဖြင့် AI နည်းပညာကို အသုံးချကာ ၎င်းတို့၏ infrastructure များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လာကြသည့်အတွက် ကျွန်ုပ်တို့၏ ပြိုင်ဘက်ကင်းထုတ်ကုန်များမှာ
ပိုမိုအရေးပါလာပါသည်။”ဟု A10 Networks ၏ ဥက္ကဋ္ဌနှင့်
အမှုဆောင်အရာရှိချုပ်ဖြစ်သူ Dhrupad Trivedi က ပြောကြားခဲ့ပါသည်။
"A10 သည် ဖောက်သည်များနှင့်အတူ ဤခရီးကို ဆက်လက် အတူတူဖြတ်သန်းကာ
၎င်းတို့၏ မျက်မှောက်နှင့် အနာဂတ်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် မိမိတို့ အနေဖြင့်
ဆန်းသစ်တီထွင်မှုများ ဆက်လက်ပြုလုပ်နေပါသည်။"
အပိုဆောင်းအရင်းအမြစ်များ
မိမိတို့အား လူမှုကွန်ယက်တွင် follow လုပ်ပါ
0 Comments