MSI နှင့် Blizzard Entertainment® တို့သည် Diablo® IV - Vessel of Hatred™ expansion အတွက် စိတ်လှုပ်ရှားစရာပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့ပါသည်
MSI သည် Diablo® IV: Vessel of Hatred™၏ တရားဝင်မိတ်ဖက်တစ်ဦးဖြစ်ပြီး သတ်မှတ်ထားသည့် MSI ထုတ်ကုန်များဖြင့် ဂိမ်းကိုရယူနိုင်ပါသည်
Diablo IV ၏ အပိုင်းသစ်သို့ စိတ်လှုပ်ရှားဖွယ်ခရီးတစ်ခုစတင်ပြီး MSI ၏ နောက်ဆုံးပေါ်ဂိမ်းအသားပေးထုတ်ကုန်များဖြင့် expansion အသစ်၏ လှုပ်ရှားဖွယ်အင်္ဂါရပ်များစွာကို အပြည့်အဝခံစားကြည့်လိုက်ပါ။ စွန့်စားခန်းဖွင့်လိုသူများသည် ယခုအခါတွင် စွယ်စုံရ class အသစ် Spiritborn ဖြင့် Neryelle ကိုရှာဖွေရန် Nahantu ဒေသသို့ ခရီးထွက်ကာ နှင့် Mephisto ၏ ရက်စက်သောအကြံအစည်ကို ရှာဖွေဖော်ထုတ်ရန် ခရီးတွင်လိုက်ပါမည့် ကြေးစားအသစ်များကို စုဆောင်းနိုင်ပါသည်။
MSI gaming laptops များဖြင့် Diablo IV: Vessel of Hatred ကို ခံစားကြည့်လိုက်ပါ။
Stealth 16 AI Studio A1V |
*၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ Qualified processor (Intel® Core™ Ultra processors / Intel® Core™ HX-series processors (14th gen) / AMD Ryzen™ AI 300 Series Processors) နှင့် NVIDIA® GeForce RTX™ 4070 Laptop GPU (သို့မဟုတ်) ၎င်းနှင့် အထက် ပါဝင်သည့် MSI gaming laptop ကို ဝယ်ယူပါက Diablo IV: Vessel of Hatred base game နှင့် expansion ကို ရယူနိုင်ပါသည်။
*အသေးစိတ်အချက်အလက်များအတွက် Diablo IV: Vessel of Hatred x MSI promotion စာမျက်နှာကို ကြည့်ရှုနိုင်ပါသည်။
https://ph.msi.com/Promotion/MM_2024-Diablo-IV-VOH-NB-bundle
MSI: https://www.msi.com
MSI Facebook (Gaming):
https://www.facebook.com/MSIGamingMyanmar
MSI Facebook (B&P):
https://www.facebook.com/MSIMyanmar/
MSI Instagram:
https://www.instagram.com/msi_myanmar/
MSI YouTube: https://www.youtube.com/user/MSIGamingGlobal
https://www.msi.com/rss တွင် subscription လုပ်ခြင်းအားဖြင့် MSI ၏ နောက်ဆုံးရသတင်းများနှင့် ထုတ်ကုန်အချက်အလက်များကို သိရှိနိုင်ပါသည်။
MSI အကြောင်း
Diablo အကြောင်း
Blizzard Entertainment ၏ ထင်ရှားသည့် Diablo universe သည် ၁၉၉၇ ခုနှစ်တွင် video game လောကအား အပြောင်းအလဲဖြစ်စေခဲ့ပြီး, action-RPG ဂိမ်းအမျိုးအစားကို သတ်မှတ်နိုင်ခဲ့ကာ ထူးခြားနက်နဲလှသောအမှောင်ကမ္ဘာဖြင့် ကစားသူများအား စွဲဆောင်စေခဲ့ပါသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်များတွင် Diablo သည် ကမ္ဘာအနှံ့ရှိ PC၊ console နှင့် mobile တွင် ကစားသူများအတွက် အလွန်ခက်ခဲကြမ်းတမ်းလှသည့် ကစားဟန်ကိုပေးအပ်ခဲ့ပါသည်။ Diablo စီးရီးတွင် နောက်ဆုံးထွက်ရှိလာသော Diablo® IV သည် Windows® PC၊ Xbox Series X|S၊ Xbox One၊ PlayStation®5၊PlayStation®4 နှင့် Steam များအကြား cross-platform ကစားနိုင်စွမ်း နှင့် progression အင်္ဂါရပ်များ ပါဝင်ပါသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်တွင် ထွက်ရှိလာသည့် Diablo IV: Vessel of Hatred သည် Diablo IV game ၏ expansion အသစ်ဖြစ်ပြီး Nahantu ဒေသနှင့် Spiritborn class ကိုမိတ်ဆက်ထားပါသည်။ ကစားသူများသည် Prime Evil Mephisto ၏ အကျင့်ပျက်ချစားမှုကို အဆုံးသတ်ရန် Neyrelle နှင့် စွန့်စားခန်းထွက်ရမည်ဖြစ်ပါသည်။
0 Comments