Subscribe Us

header ads

Arm က Snapdragon X Elite ကို ထုတ်လုပ်နိုင်သည့် Qualcomm ၏ Architectural License ကို ရုပ်သိမ်းသွားမည်

Image: Qualcomm

ချစ်ပ်ဒီဇိုင်းဖန်တီးသူဖြစ်တဲ့ Arm Ltd. က Qualcomm ကို အသိပေးစာပို့ပြီး သူတို့ရဲ့ architectural license ကို ရက် ၆၀အတွင်း ရုပ်သိမ်းမယ်လို့ အသိပေးလိုက်ပါတယ်။ သဘောတူညီချက်အရ Qualcomm ဟာ Snapdragon X Elite chip နဲ့ Copilot+ PCs တွေရဲ့ အဓိက CPU cores တွေထဲမှာ အသုံးပြုထားတဲ့ Oryon CPU cores တွေကို ထုတ်လုပ်ခွင့်ရထားတာဖြစ်ပါတယ်။

PCWorld က Bloomberg ရဲ့ သတင်းကို သီးခြားအတည်ပြုခဲ့ပြီး Arm အနေနဲ့ Qualcomm ရဲ့ custom cores တွေ ထုတ်လုပ်ခွင့် architectural license ကို ရုပ်သိမ်းလိုက်တာဖြစ်ပြီး Oryon processor နဲ့ တခြား cores တွေ ထုတ်လုပ်ခွင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ Qualcomm ကတော့ ဒီရုပ်သိမ်းချက်ကို “အခြေအနေမရှိတဲ့ ခြိမ်းခြောက်ချက်” လို့ ပြောခဲ့ပြီး ဒီနှစ် ဒီဇင်ဘာလမှာ စီရင်သွားမယ့် အမှုကို စောင့်ကြည့်နေကြောင်းလည်း ထပ်မံပြောကြားခဲ့ပါတယ်။

Arm က Qualcomm ကို ဘာကြောင့်တရားစွဲရသလဲ

ဒီပြဿနာက လွန်ခဲ့တဲ့နှစ်အနည်းငယ်က Qualcomm ရဲ့ PC တွေအတွက် ဖန်တီးထားတဲ့ Snapdragon 8 series chip တွေရဲ့စွမ်းဆောင်ရည်ဟာ AMD နဲ့ Intel တို့ရဲ့ x86 processor ကိုမယှဥ်ပြိုင်နိုင်ခဲ့ခြင်းကနေစတင်ခဲ့ပါတယ်။ ဒီအတွက် Qualcomm က သူတို့ရဲ့ Arm-အခြေခံ ချစ်ပ်တွေရဲ့ စွမ်းဆောင်ရည်တိုးတက်လာစေဖို့ Nuvia ကိုဝယ်ယူလိုက်ပါတယ်။

၂၀၁၉ခုနှစ်က Arm ဟာ Nuvia အတွက် ၎င်းရဲ့ရှိပြီးသား cores တွေကိုမွမ်းမံနိုင်တဲ့ Technology License Agreement (TLA) နဲ့ စိတ်ကြိုက် cores တွေကို ဒီဇိုင်းထုတ်ဖို့ အတွက် Architecture License Agreement (ALA)ဆိုတဲ့ လိုင်စင်၂ခုကို ထုတ်ပေးခဲ့ပါတယ်။ Nuvia ကိုပေးအပ်ထားတဲ့ အဆိုပါလိုင်စင်တွေက data center အဆင့် ထုတ်ကုန်တွေဖန်တီးဖို့ဖြစ်ပြီး Arm ရဲ့ သဘောတူညီမှုမရပဲ လွဲပြောင်းပေးအပ်လို့မရဘူးလို့သိရပါတယ်။

ဒါပေမယ့်  Qualcomm ဟာ သဘောတူညီချက်တွေ ပြန်လည်ညှိနှိုင်းမှု မပြုလုပ်ခဲ့တဲ့အတွက် Arm ဟာ Nuvia မဝယ်ယူခင်ကာလက Nuvia ဖန်တီးထားတဲ့ ချစ်ပ်ဒီဇိုင်းတွေကို ဖျက်ဆီးဖို့တောင်းဆိုခဲ့ပါတယ်။ Qualcomm ကတော့ သူ့ရဲ့လက်ရှိသဘောတူချက်ထဲဟာ Nuvia ဖန်တီးထားခဲ့တဲ့ ဒီဇိုင်းတွေပါအကျုံးဝင်တယ်လို့တုန့်ပြန်ခဲ့ပါတယ်။ ဒါကြောင့် Arm အနေနဲ့ ၂၀၂၃ခုနှစ်မှာ Nuvia ရဲ့ လိုင်စင်တွေရုတ်သိမ်းလိုက်တယ်လို့ Bloomberg ကဆိုထားပါတယ်။

အခုအချိန်မှာတော့ Arm နဲ့ Qualcomm တို့ကြား တိုက်ပွဲဟာ ပိုမိုပြင်းထန်လာပါတယ်။ Arm က သူတို့ရဲ့ Cortex CPU cores တွေကို ဖန်တီးပြီး Qualcomm နဲ့ တခြား ကုမ္ပဏီတွေကို ရောင်းချနေသေးတာမို့ ဒီ licensing စနစ်က ရပ်သွားတာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် Qualcomm က Maui မှာ ကျင်းပတဲ့ Snapdragon Summit မှာ သူတို့ရဲ့ Oryon core အသစ်ကို မိတ်ဆက်ခဲ့ပြီး Intel ရဲ့ Lunar Lake chip ထက် မြန်ဆန်ကြောင်း ဖော်ပြခဲ့ပါတယ်။ အဆိုပါ Oryon core ဟာ Nuvia ရဲ့ Phoenix (Oryon) cores တွေပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့် Arm နဲ့ Qualcomm တို့ဟာ ဒီပြဿနာကို တရားရုံးမှာ ဖြေရှင်းဖို့ ပြင်ဆင်နေကြပြီး Qualcomm ကလည်း ၎င်း၏အခွင့်အရေးများကို အသုံးချဖို့ ကြိုးပမ်းနေပါတယ်။

Qualcomm အနေနဲ့ Arm ရဲ့ နည်းပညာတွေအပေါ် သိသိသာသာအားထားရတဲ့အတွက် TLA သဘောတူညီချက်အရ Arm ရဲ့ စံဒီဇိုင်းတွေကို လက်ရှိသုံးစွဲနိုင်တယ်ဆိုပေမယ့် သူ့ရဲ့ architectural license ဆုံးရှုံးမှုဟာ ထုတ်ကုန်ဖန်တီးမှုအပိုင်းမှာ နှောင့်နှေးခြင်းနဲ့ ကြီးမားတဲ့အနှောင့်အယှက်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Source: PCWorld and Tom's Hardware

Post a Comment

0 Comments