Image: Der8auer, ASUSTek Computer Inc. |
Asus က NitroPath DRAM နည်းပညာကို ဩဂုတ်လက ကျင်းပခဲ့တဲ့ Gamescom မှာ ကြေညာခဲ့ပါတယ်။ NitroPath ဟာ များသောအားဖြင့် ရိုးရိုး memory slot design ကို ပြောင်းလဲ rethink ပြုလုပ်ထားတဲ့ နည်းလမ်းဖြစ်ပြီး gold finger pins တွေကို ပိုမိုတိုတောင်းစွာပြုလုပ်ထားပြီး motherboard ရဲ့ pathways တွေကို စနစ်တကျ optimize လုပ်ထားတာကြောင့် overclocking headroom ကို 400 MT/s အထိ မြှင့်တင်ပေးနိုင်မယ်လို့ ဆိုပါတယ်။
Asus အနေနဲ့ သူတို့ရဲ့ ပြန်လည်ဖန်တီးထားတဲ့ memory slots တွေဟာ retention force ကို ၅၇ ရာခိုင်နှုန်း တိုးတက်စေပြီး memory ကို မကြာခဏ ပြောင်းလဲထုတ်ယူတဲ့အခါမှာ ပျက်စီးစေတတ်တဲ့ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဂုဏ်ယူဖွယ် ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အထူးစိတ်ဝင်စားစရာကောင်းတာကတော့ ဒီ NitroPath မှာ အသုံးပြုထားတဲ့ contact pin ဒီဇိုင်းအသစ်ပဲ ဖြစ်ပါတယ်။
Image: Der8auer, ASUSTek Computer Inc. |
ရိုးရိုးသာမန် RAM slots တွေမှာသုံးတဲ့ contact pins တွေဟာ ပုံမှန်အားဖြင့် ဘယ်ဘက်မှာ မြင်ရတဲ့အတိုင်း အပေါ်ဘက်ကို ထွက်လာတဲ့ contact pins တွေကို သုံးပြီး အဆိုပါ pins တွေဟာ အပေါ်ကိုပြန်ထောင်တက်နေတဲ့ antenna လို ပုံစံဖြစ်ပါတယ်။ NitroPath မှာတော့ အသစ်ပြောင်းထားတဲ့ contact pins တွေကတော့ ပိုမိုသေးငယ်ပြီး အောက်ကို ကွေးထားတာဖြစ်ပါတယ်။ Der8auer ရဲ့ရှင်းပြချက်အရ memory slots လေးခုပါတဲ့ မားသားဘုတ်တွေမှာ high-speed memory sticks နှစ်ခုတည်းကို အသုံးပြုတဲ့အခါ contact design က အရေးပါလာပါတယ်။
အသုံးပြုခြင်းမရှိတဲ့ memory slot ၂ခုဟာ CPU နဲ့ လျှပ်စစ်ပိုင်းအရ တိုက်ရိုက်ချိတ်ဆက်နေဆဲမို့ high speed နဲ့ run တဲ့အချိန်မှာ pin တစ်ခုခြင်းစီတိုင်းက antenna လို အလုပ်လုပ်မှာဖြစ်တာကြောင့် အနီးမှာရှိတဲ့ memory slots တွေရဲ့ signal quality ကို တိုက်ရိုက်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ Asus ရဲ့ NitroPath contact pin design အသစ်ဟာ pins တွေကို ပိုမိုသေးငယ်အောင်ဖန်တီးထားသလို အောက်ဘက်ကိုလည်း ကွေးထားတဲ့အတွက် အနှောင့်အယှက်ဖြစ်မှုကို လျော့ကျစေတယ်လို့ ဆိုပါတယ်။
Asus က Der8auer အတွက် NitroPath နည်းပညာကို X870-A မားသားဘုတ်နှစ်ခုမှာ စမ်းသပ်ပြသခဲ့ပါတယ်။ ပထမဆုံး မားသားဘုတ်က ရိုးရိုးသာမန် RAM slots အသုံးပြုထားပြီး ဒုတိယ မားသားဘုတ်ကတော့ NitroPath နည်းပညာကို အသုံးပြုထားတာပါ။ AMD 8700G CPU ကိုအသုံးပြုပြီး ရိုးရိုးသာမန်မားသားဘုတ်မှာ 8,200 MT/s အထိ overclock လုပ်နိုင်ခဲ့ပြီး Windows ကို run လိုက်တာ အောင်မြင်ခဲ့ပေမဲ့ MemTest86 မှာတော့ ကိုကောင်းစွာမ run နိုင်ခဲ့ပါဘူး။ အဖွဲ့သားတွေအနေနဲ့ CPU နဲ့ memory ကို NitroPath မားသားဘုတ်ပေါ်မှာ ပြောင်းလဲအသုံးပြုတဲ့အခါမှာတော့ 8,600 MT/s အထိ overclock တည်ငြိမ်စွာ အလုပ်လုပ်နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာ အတိုချုံ့ပြောရရင် ဒီနည်းပညာဟာ memory slot ၄ခုပါဝင်တဲ့ မားသားဘုတ်တွေမှာသာ အသုံးဝင်နိုင်မှာဖြစ်ပြီး slot နှစ်ခုသာပါတဲ့ မားသားဘုတ်တွေမှာတော့ သိသာတဲ့အကျိုးကျေးဇူး ရရှိမှာမဟုတ်ပါဘူး။
Source: TechSpot
0 Comments