Subscribe Us

header ads

GeForce RTX 5090 ထုတ်လုပ်ရေးအတွက် Zotac၊ Inno3D၊ Manli တို့ကိုဖန်တီးသည့် PC Partner စင်ကာပူနိုင်ငံသို့ ပြောင်းရွှေ့

Image: Zotac

HKEPC ရဲ့ သတင်းအရ Hong Kong အခြေစိုက် PC Partner က သူ့ရဲ့ ဌာနချုပ်ကို စင်ကာပူနိုင်ငံကို ပြောင်းရွှေ့ပြီး PC Partner Singapore PTE Ltd. အဖြစ် တည်ထောင်သွားမယ်လို့ သိရပါတယ်။ Zotac၊ Inno3D၊ Manli အစရှိတဲ့ အမှတ်တံဆိပ်တွေအတွက် GPU တွေ ထုတ်လုပ်ပေးနေတဲ့ ဒီကုမ္ပဏီက သူ့ရဲ့ ထုတ်လုပ်ရေးစက်ရုံတွေကိုလည်း အင်ဒိုနီးရှားနိုင်ငံကို ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်နေပါတယ်။ Nvidia ရဲ့ GeForce RTX 5090 graphics card တွေ ထွက်လာတော့မယ့်အချိန်မှာပဲ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ တရုတ်နိုင်ငံကို ချမှတ်ထားတဲ့ အဆင့်မြင့်နည်းပညာထုတ်ကုန်တွေအပေါ် ကန့်သတ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ အချိန်မီပြောင်းရွှေ့ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Image: SGX Securities

PC Partner Group Limited (PCT) က Singapore ရဲ့ SGX စတော့အိတ်ချိန်းမှာ စာရင်းဝင်လာတာက HKEPC ရဲ့ အဆိုအတိုင်း အထောက်အထားတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကိုပြောင်းရွှေ့မှုကတော့ ကောလာဟလသာဖြစ်ကြောင်း HKEPC က ရှင်းပြထားပါတယ်။

Image: SGX Securities

လူတွေသိပ်အကျွမ်းတဝင်မရှိတဲ့ PC Partner အမှတ်တံဆိပ်ကို ၁၉၉၇ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အနောက်နိုင်ငံတွေမှာ ၂၀၂၀ခုနှစ်တွေအတွင်း နာမည်ကြီးလှတဲ့ အမှတ်တံဆိပ်တော့ မဟုတ်ပါဘူး။ သို့ပင်သော်ငြား အရင်အချိန်က စျေးသင့်တဲ့ Motherboard တွေထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် သိတဲ့သူတွေလည်း ရှိပါတယ်။PC Partner ဟာ ယခင်က AMD ရဲ့ Radeon reference graphics card တွေကိုလည်း ထုတ်လုပ်ခဲ့ပြီး ဒီကဏ္ဍမှာ အရေးပါတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ PC Partner က Zotac၊ Inno3D၊ Manli အစရှိတဲ့ အမှတ်တံဆိပ်တွေအတွက် graphics card တွေ ထုတ်လုပ်ပေးနေတာကြောင့် PC components ကဏ္ဍမှာ ပိုပြီးအရေးပါတဲ့နေရာတစ်ခုမှာ ရှိနေတယ်လို့ဆိုနိုင်ပါတယ်။ PC Partner ရဲ့ အမှတ်တံဆိပ်တွေအားလုံးကို ပေါင်းစပ်လိုက်မယ်ဆိုရင် PC Partner ဟာ "ကမ္ဘာ့ဒုတိယအကြီးဆုံး graphics card ထုတ်လုပ်သူ" ဖြစ်တယ်လို့ HKEPC က ခန့်မှန်းထားပါတယ်။

RTX 40-series graphics card တွေထုတ်လုပ်ချိန်မှာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် PC Partner က အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Nvidia GeForce RTX 50-series (Blackwell) မထွက်ရှိလာသေးခင် သူ့ရဲ့လုပ်ငန်းလည်ပတ်မှုအားလုံးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

PC Partner အနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုလွတ်ကင်းတဲ့နိုင်ငံတွေမှာ စီးပွားရေးလုပ်ကိုင်သွားမယ်ဆိုရင် Zotac အမှတ်တံဆိပ် RTX 5090 graphics card တွေကို အနောက်နိုင်ငံတွေနဲ့ အခြားမိတ်ဖက်ဒေသတွေမှာ အဆင်ပြေပြေရောင်းချနိုင်မှာဖြစ်ပါတယ်။ RTX 50 series card တွေမှာ စွမ်းဆောင်တိုးတက်မှုကြီးမားစွာရရှိနိုင်မယ်လို့မျှော်လင့်ရပြီး RTX 5080 graphics card တွေတောင်မှ ပိတ်ဆို့အရေးယူမှုထဲမှာပါနေလောက်အောင် အလွန်အဆင့်မြင့်နေတာ သို့မဟုတ် စွမ်းဆောင်ရည်သိပ်ကောင်းနေတာတွေ  ဖြစ်နိုင်ပါတယ်။ ဒီလိုမရေမရာဖြစ်မှုအားလုံးဟာ ရှေ့ဆက်သွားမယ့် PC Partner ရဲ့ စီးပွားရေးအတွက် ပြတ်ပြတ်သားသား ဖယ်ရှားထားဖို့ လိုအပ်နေပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments