ပြီးခဲ့အပတ်က Apple ဟာ သူ့ရဲ့ Mac ကွန်ပျူတာတွေအတွက် M4 Pro နဲ့ M4 Max ချစ်ပ်နှစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒီချစ်ပ်တွေဟာ အခြေခံ M4 chip နဲ့အတူ အရင် မျိုးဆက်တွေနဲ့နှိုင်းယှဉ်ရင် power efficiency ပိုမိုကောင်းမွန်လာပြီး performance အပိုင်းမှာလည်း သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုတွေ ရရှိလာပါတယ်။ CPU တွေမှာ Apple ရဲ့ အမြန်ဆုံး core တွေ ပါဝင်လာပြီး single-thread နဲ့ multithread performance တွေမှာ စွမ်းဆောင်ရည်အပြည့်အဝ ရရှိစေမှာပါ။ GPU အပိုင်းမှာဆိုရင်လည်း core တွေ ပိုမိုမြန်လာတာအပြင် ၂ဆ ပိုမြန်တဲ့ ray-tracing engine ပါဝင်လာတာမျိုးဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ Thunderbolt 5 ကို Mac မှာ စတင်အထောက်အပံ့ပေးလာပြီး unified memory bandwidth ကလည်း ၇၅% ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။
Mac အသုံးပြုသူတိုင်းအတွက် စွမ်းဆောင်ရည်မြင့် M4
M4 chip မှာ up to 10-core အထိရနိုင်တဲ့ CPU နဲ့ GPU တွေပါဝင်ပြီး မူလ M1 ထက် ၁.၈ ဆ ပိုမိုမြန်ဆန်လာပါတယ်။ 120 GB/s memory bandwidth နဲ့ 32 GB unified memory အထိ အထောက်အပံ့ပေးနိုင်တာကြောင့် Safari နဲ့ Excel လို app တွေကို multitasking ကောင်းစွာလုပ်နိုင်ပါတယ်။
စာလုံးပြင်ဆင်ခြင်း၊ အတိုချုံ့ခြင်း အစရှိတဲ့ Writing Tools လို AI feature တွေအတွက် စွမ်းဆောင်ရည်တိုးတက်စေဖို့ ပိုမိုမြန်ဆန်တဲ့ 16-core Neural Engine ကို အသုံးချထားပါတယ်။
ပရော်ဖက်ရှင်နယ်များအတွက် M4 Pro
M4 Pro က 14-core CPU (10 performance cores နဲ့ 4 efficiency cores) နဲ့ 20-core GPU ပါဝင်တာကြောင့် M4 ထက် CPU ပိုင်းမှာ ၁.၉ဆနဲ့ GPU ပိုင်းမှာ ၂ဆပိုကောင်းလာပါတယ်။ 64 GB အထိ unified memory အထောက်အပံ့နဲ့ 273 GB/s memory bandwidth ရှိတာကြောင့် အရင် M3 Pro ထက် memory bandwidth 75% ပိုမြန်လာပါတယ်။
ဒါကြောင့်မို့ Xcode မှာ simulators တွေအများအပြားအသုံးပြုတာ သို့မဟုတ် အဆင့်မြင့် 3D rendering ကိုကိုင်တွယ်တာအစရှိတဲ့ heavy workload တွေကိုကောင်းစွာဆောင်ရွက်နိုင်ပါတယ်။ Thunderbolt 5 အထောက်အပံ့ပါဝင်တဲ့အတွက် အကြီးစား video file, AI data, code အလုပ်တွေမှာ ဒေတာလွှဲပြောင်းမှုစွမ်းရည်ကို ပိုမိုကောင်းမွန်စေပါတယ်။
အမြင့်မားဆုံး Workload များ အတွက် M4 Max
M4 Max ဟာ data scientist, 3D artist နဲ့ content creator တို့အတွက် အထူးသင့်တော်တဲ့ chip တစ်ခုဖြစ်ပါတယ်။ 16-core CPU (12 performance cores နဲ့ 4 efficiency cores) က M1 Max ထက် CPU ၂.၂ ဆ ပိုမိုမြန်ဆန်ကာ သူ့ရဲ့ နဲ့ 40-core GPU က လက်ရှိ AI ချစ်ပ်တွေထက် ၄ဆ ပိုမိုမြန်ဆန်ပါတယ်။
128 GB အထိ unified memory အထောက်အပံ့နဲ့ 546 GB/s memory bandwidth က ပါဝင်ပြီး အကြီးစား language models တွေကို ထိရောက်စွာ handling လုပ်နိုင်ပါတယ်။
Video professional တွေအတွက် ProRes accelerator နှစ်ခု ပါဝင်လာတဲ့အတွက် video editing အလုပ်တွေအတွက် လိုအပ်တဲ့ စွမ်းဆောင်ရည်တွေ ထောက်ပံ့ပေးနိုင်ပါတယ်။
Apple Intelligence
M4 ချစ်ပ်တွေမှာ Apple Intelligence ဆိုတဲ့ personal AI ကိုလည်ပတ်စေနိုင်ပါတယ်။ Apple Intelligence ကို macOS Sequoia 15.1 မှာ ရနိုင်ပြီး privacy control တွေ ပါဝင်သလို စာပြုပြင်ခြင်း၊ အတိုချုံ့ခြင်း စတာတွေကို မြန်ဆန်စွာဆောင်ရွက်နိုင်ပါတယ်။
ဒါတင်မက စကားပြောနဲ့ စာပြန်တဲ့ အလုပ်တွေမှာ ရိုးရိုး apps မသုံးဘဲ Siri နဲ့ တိုက်ရိုက်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းအသစ်တွေလည်းပါဝင်လာပါတယ်။ ChatGPT ဟာလည်း Siri နဲ့ Writing Tools မှာ ပေါင်းစပ်ပါဝင်လာဖို့ရှိပြီး app တွေကူးပြောင်းနေစရာမလိုပဲ ကောင်းမွန်တဲ့အဖြေတွေနဲ့ ပိုမို productivity ပိုင်းကိုရရှိစေမှာပါ။
M4 Max ရဲ့စွမ်းဆောင်ရည်
လက်တလောထွက်ပေါ်လာတဲ့ Geekbench 6 ရလဒ်တွေအရ M4 Max ဟာ Intel နဲ့ AMD ကထုတ်လုပ်ထားတဲ့ အဆင့်မြင့် processor တွေထက် ပိုမိုသာလွန်နေတာကိုတွေ့ရပါတယ်။ Geekbench 6 Single-core စမ်းသပ်မှုမှာ 4,060 ရရှိပြီး Multicore စမ်းသပ်မှုမှာလည်း 26,675 ရရှိတာကိုတွေ့ရပါတယ်။
Apple ရဲ့ Carbon Neutral Goal
M4, M4 Pro, နဲ့ M4 Max တွေရဲ့ ပါဝါချွေတာနိုင်စွမ်းကြောင့် MacBook Pro အသစ်တွေဟာ Apple ရဲ့ စွမ်းအင်ထိရောက်မှုစံချိန်တွေကို ပြည့်ဝစေခဲ့ပြီး ဘက်ထရီသက်တမ်း ၂၄ နာရီအထိ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါကြောင့် မကြာခဏ ဘက်ထရီအားသွင်းဖို့ မလိုတော့ဘဲ၊ သက်တမ်းတစ်လျှောက်စွမ်းအင်သုံးစွဲမှုလျော့နည်းမှာဖြစ်ပါတယ်။ ဒါတင်မက iMac နဲ့ Mac mini လို desktop မှာပါ Apple silicon ရဲ့ စွမ်းအင်ချွေတာနိုင်စွမ်းကြောင့် စက်ရဲ့ စုစုပေါင်း စွမ်းအင်အသုံးပြုမှုလည်း လျော့နည်းစေပါတယ်။ ယနေ့အချိန်မှာ Apple ဟာ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ကာဗွန်ထုတ်လွှတ်မှုလျော့ချခြင်းမှာ ဦးဆောင်နေပြီး Apple ရဲ့ အာမခံချက်အရ ဒီဆယ်စုနှစ်ကုန်ပိုင်းဖြစ်တဲ့ ၂၀၃၀ ခုနှစ်မှာ carbon neutral ဖြစ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် အပြည့်အဝရောက်ရှိနိုင်ဖို့ စီစဉ်ထားပါတယ်။
Source: Techpowerup
0 Comments