Image via TechSpot |
Nvidia က MediaTek နဲ့ ပူးပေါင်းပြီး Arm အခြေခံချစ်ပ်တွေ ထုတ်လုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့အကြောင်း ကောလာဟလထွက်ပေါ်နေတာ အချိန်အတန်ကြာခဲ့ပါပြီ။ MediaTek ရဲ့ ပြိုင်ဘက် Qualcomm ကတော့ PC အတွက် Snapdragon X-series processors တွေကို ထုတ်လုပ်လာခဲ့တာအချိန်အတော်ကြာခဲ့ပါပြီ။ ဒီချစ်ပ်တွေဟာ အထူးသဖြင့် ဂိမ်းစွမ်းဆောင်ရည်ပိုင်းမှာ စိတ်ဝင်စားမှုသိပ်မရခဲ့ပေမယ့် battery life အပေါ်မှာတော့ ချီးမွမ်းခံနေရပါတယ်။
ဒါပေမဲ့ Nvidia ရဲ့ chip ကတော့ gamer တွေအတွက် အထူးသင့်လျော်မယ့် သီးသန့်ရွေးချယ်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ရဲ့ Moore's Law is Dead (MLID) ဆိုတဲ့ YouTube channel အဆိုအရ Nvidia က ဒီ APU (Accelerated Processing Unit) ကို RTX 4070 laptop GPU နဲ့ 65W လောက်စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်နေတယ်လို့ သိရပါတယ်။ Chip ရဲ့ power target ကိုလည်း 80W အထိ ရည်ရွယ်ထားတယ်လို့လည်း သတင်းထွက်ရှိနေပါတယ်။
Image via TechSpot |
ဒီ chip ဟာ ဂိမ်းစွမ်းဆောင်ရည်ပိုင်းကို အသားပေးထားတဲ့အကြောင်း နောက်ထပ်သက်သေပြတဲ့အချက်က Nvidia က Dell နဲ့ လက်တွဲပြီး Alienware brand အောက်မှာ ဒီ APU ကို ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်လာတာပါ။ Alienware က gaming laptop တွေထဲမှာ အထင်ကရ ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားသလို စျေးနှုန်းလည်းကြီးမြင့်ပါတယ်။
ပါဝါသုံးစွဲမှုနည်းပါးပြီး Nvidia ချစ်ပ်ကိုအသုံးပြုထားတဲ့ Alienware တံဆိပ်ပါတဲ့ laptop ဟာ RTX 4070 mobile GPU ရဲ့ ဂိမ်းစွမ်းဆောင်ရည်ကို ရရှိနိုင်မယ်ဆိုရင် ပါးလွှာပေါ့ပါးမှာဖြစ်ပြီး ကောင်းမွန်လှတဲ့ ဘက်ထရီသက်တမ်းကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ MLID ရဲ့ သတင်းအရ Nvidia အနေနဲ့ ဒီ APU ကို ၂၀၂၅ ခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၆ ခုနှစ်မှာ နောက်ဆုံးထားပြီး ထုတ်လုပ်ချင်တယ်လို့ဆိုပါတယ်။ ဒါဟာ Nvidia ရဲ့ Arm အခြေခံချစ်ပ်တွေကို ၂၀၂၅ခုနှစ်မှာ စတင်ထုတ်လုပ်မယ်ဆိုတဲ့ အခြားသောသတင်းတွေနဲ့လည်း ကိုက်ညီနေပါတယ်။
နောက်နှစ်မှာ ထွက်လာမယ့် APU တစ်ခုကတော့ AMD ရဲ့ Strix Halo series (Ryzen AI Max 300) ဖြစ်ပြီး CES 2025 မှာ မိတ်ဆက်မယ်လို့ ယူဆရပါတယ်။ ဒီထဲမှာ အဓိက သီးခြားထွက်ရှိလာမယ့် ချစ်ပ်တစ်ခုက 120W Ryzen AI Max+ 395 ဖြစ်ပြီး ဂိမ်းစွမ်းဆောင်ရည်ထူးထူးခြားခြားကောင်းမွန်မှာဖြစ်ပြီး RDNA 3.5 compute unit ၄၀ နဲ့ Zen 5 core ၁၆ခုပါဝင်မှာပါ။
Nvidia/Alienware ရဲ့ laptop က Arm အခြေခံချစ်ပ် ဖြစ်တဲ့အတွက် OS အနေနဲ့ Windows on Arm ကို အဓိကအသုံးပြုရမှာဖြစ်ပြီး လက်ရှိမှာ compatibility ပိုင်းနဲ့ ဂိမ်းစွမ်းဆောင်ရည် အချို့မှာ ပြဿနာအနည်းငယ်ရှိပါတယ်။ x86 ချစ်ပ်ဖြစ်တဲ့ AMD ရဲ့ Strix Halo ချစ်ပ်တွေကတော့ ဒီလိုပြဿနာတွေ မဖြစ်နိုင်ပါဘူး။ MLID ရဲ့ သတင်းအရ Windows on Arm က gaming compatibility ပိုင်းကို တိုးတက်စေဖို့ "အများကြီးအားစိုက်ဖို့လိုအပ်တယ်" လို့ ဆိုထားပါတယ်။
MLID ရဲ့ သတင်းတိကျမှုက အချို့ကောလာဟလမှာ လွဲမှားတတ်တာကြောင့် ဒီသတင်းတွေကို သတိထားစောင့်ကြည့်ဖို့လိုပါတယ်။ ဒါပေမယ့် Nvidia ရဲ့ Arm အခြေခံ APU အကြောင်းကို အခြားသတင်းရင်းမြစ်တွေကလည်း အတည်ပြုနေတာကြောင့် ဒီသတင်းရဲ့ အချက်အလက်အချို့သာ မမှန်လောက်ဘူးလို့ ယူဆရမှာ ဖြစ်ပါတယ်။
Source: TechSpot
0 Comments