Image: Steam |
Valve ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ Steam client update နဲ့အတူ တရားဝင်ကြေညာချက်အရ ဒီနိုဝင်ဘာလ ၅ ရက်နေ့ကစပြီး "Windows 7 နဲ့ Windows 8 တို့ကို အထောက်အပံ့ပေးမှုရပ်ဆိုင်းသွားမယ်" လို့ ဆိုပါတယ်။ ဒါကြောင့် ဒီ Windows အဟောင်းတွေအသုံးပြုသူတွေဟာ Steam ကို ဆက်လက်အသုံးပြုလိုတယ်ဆိုရင် Windows 10 ဒါမှမဟုတ် Windows 11 ကို upgrade လုပ်ဖို့ လိုအပ်လာပါတယ်။
Valve ဟာ macOS 10.13 High Sierra နဲ့ macOS 10.14 Mojave တွေအပါအဝင် macOS version အဟောင်းတွေကိုလည်း အထောက်အပံ့ပေးမှုရပ်ဆိုင်းခဲ့ပါတယ်။ အခုဆိုရင် macOS 10.15 Catalina ဒါမှမဟုတ် နောက်ပိုင်း version တွေပေါ်မှာပဲ Mac User တွေဟာ Steam ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ macOS version ဖြစ်တဲ့ macOS 15 Sequoia ဟာ ဒီနှစ်စက်တင်ဘာလမှာ ထွက်ရှိခဲ့ပါတယ်။
Image via TechSpot |
နောက်ဆုံးထွက် Steam ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲစစ်တမ်းအရ Windows 7 အသုံးပြုတဲ့ gamer တွေက အနည်းအကျဥ်းသာရှိပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာကောက်ယူထားတဲ့ စစ်တမ်းအရ Steam ကို Windows 11 မှာ အများဆုံးအသုံးပြုနေတာတွေ့ရပြီး ၄၈.၈၀ ရာခိုင်နှုန်းရှိပါတယ်။ Windows 10 ကတော့ ၄၇.၄၆ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေကပါသေးတယ်။ Windows 7 ကတော့ Steam Gamer တွေထဲမှာ ၀.၂၈ ရာခိုင်နှုန်းသာ အသုံးပြုနေတာကြောင့် Valve ရဲ့ ဒီဆုံးဖြတ်ချက်က လူအနည်းငယ်ကိုသာ ရိုက်ခတ်မှုရှိမှာ ဖြစ်ပါတယ်။
Valve ဘက်က Windows 7 နဲ့ 8 ကို အထောက်အပံ့ပေးမှုရပ်ဆိုင်းရတာက Steam အနေနဲ့ သူ့ရဲ့ အဓိက feature တွေအတွက် Google Chrome ရဲ့ embedded version ကို အားကိုးနေရပြီး ဒီ Windows version အဟောင်းတွေပေါ်မှာ အလုပ်မလုပ်တော့တာကြောင့်ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ ဒါပေမယ့် လူအများအသုံးပြုနေကြတဲ့ Google Chrome ဗားရှင်းကတော့ Firefox၊ Brave နဲ့ Opera အပါအဝင် အခြား browser တွေလို Windows 7 နဲ့ Windows 8 မှာ အသုံးပြုလို့ရနေတုန်းဖြစ်ပါတယ်။
Microsoft ကတော့ Windows 7 ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကစပြီး အထောက်အပံ့ပေးမှုရပ်ဆိုင်းလိုက်ပြီး Windows 8 ကိုလည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ရပ်ဆိုင်းခဲ့ပါတယ်။ Windows 10 ကိုလည်း ၂၀၂၅ ခုနှစ် အောက်တိုဘာမှာ အထောက်အပံ့ပေးမှုရပ်ဆိုင်းမှာဖြစ်တာကြောင့် Steam ကို ဆက်လက်အသုံးပြုချင်သူတွေအနေနဲ့ နောက်ပိုင်းနှစ်တွေမှာ Windows 11 ဒါမှမဟုတ် ပိုမိုသစ်လွင်တဲ့ version ကို ပြောင်းလဲအသုံးပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။
Source: TechSpot
0 Comments