Subscribe Us

header ads

နေတိုးအဖွဲ့မှ ပင်လယ်ပြင်စောင့်ကြည့်ရေးအတွက် ရေပြင်သွားဒရုန်းများကိုယ်တိုင်ဖန်တီးနေ

Image via TechSpot

ပင်လယ်ရေအောက်ကေဘယ်ကြိုးတွေကို ရန်ဘက်အဖွဲ့အစည်းများက ပစ်မှတ်ထားမှုတိုးပွားလာတာကြောင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)က ဒီပြဿနာကို ဖြေရှင်းဖို့ ဆောင်ရွက်နေပါတယ်။ ဒီမဟာမိတ်အဖွဲ့က အနာဂတ်မှာ တိုက်ခိုက်မှုလာတွေကို တားဆီးဖို့အတွက် Unmanned Surface Vehicle (USV) ဆိုတဲ့ ရေပြင်သွားဒရုန်းတစ်မျိုးကို ဖန်တီးနေပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ နိုင်ငံရေးဆွေးနွေးမှုတွေ မပြီးစီးသေးသည့်တိုင် နည်းပညာစမ်းသပ်မှုတွေကို စတင်နေပြီဖြစ်ပါတယ်။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ က အရေးကြီးတဲ့ ရေပြင်တွေမှာ ကင်းလှည့်ဖို့ ဒီဇိုင်းထုတ်ထားတဲ့မောင်းသူမဲ့ ရေယာဉ်တွေကို ဖြန့်ကျက်ရန် စီစဉ်နေပါတယ်။ အဆိုပါ ဒရုန်းတွေဟာ နေတိုးအဖွဲ့ရဲ့ ပင်လယ်ရေပြင်စောင့်ကြည့်ရေး စွမ်းရည်ကို မြှင့်တင်ပေးမှာဖြစ်ပြီး အနာဂတ်မှာ ရေအောက်စောင့်ကြပ်ရေးအထိ တိုးချဲ့သွားဖို့ ရည်ရွယ်ထားပါတယ်။

NATO ရဲ့ Concepts and Transformation တပ်မှူးဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး  Pierre Vandier က USV fleet ဟာ မြို့ပြနေရာမှာ ရှိတဲ့ CCTV network တစ်ခုလိုလုပ်ဆောင်ပြီး၊ အန္တရာယ်မြင့်မားတဲ့ နေရာတွေကို စောင့်ကြည့်နိုင်တယ်လို့ ပြောပါတယ်။ Vandier ရဲ့အဖွဲ့သားတွေ စမ်းသပ်မှုက ကနဦးကာလမှာသာရှိသေးပေမယ့် NATO ရဲ့ Maritime Command (MARCOM) က ဒီအစီအစဉ်ကို အခိုင်အမာထောက်ခံနေတယ်လို့ သိရပါတယ်။

USV fleet ဟာ ဘောလ်တစ်နဲ့ မြေထဲပင်လယ်လို ဒေသတွေက ပင်လယ်ရေအောက်ကေဘယ်ကြိုးတွေနဲ့ ပင်လယ်ကြမ်းပြင်မှာ တည်ရှိတဲ့ တယ်လီကွန်းအခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ အထူးဖန်တီးသွားမှာဖြစ်ပါတယ်။ မကြာသေးခင်က အဆိုပါဒေသတွေမှာ ရေအောက်ကေဘယ်ကြိုးတွေကို အမည်မသိအဖျက်သမားတွေက ပစ်မှတ်ထားခဲ့ပြီး နေတိုးအရာရှိတွေကတော့ ဒါကို ရုရှားဆောင်ရွက်တာဖြစ်ကြောင်း စွပ်စွဲထားပါတယ်။ 

ရေတပ်ဗိုလ်ချုပ်ကြီး Pierre Vandier က NATO ရဲ့ USV fleet ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ နည်းပညာတွေ ရရှိနေပြီလို့ ဆိုပါတယ်။ အထူးသဖြင့် အမေရိကန်ရေတပ်ရဲ့ ပထမဆုံး သီးခြားမောင်းသူမဲ့စနစ်နဲ့ AI ယူနစ်ဖြစ်တဲ့ Task Force 59 ကို အဓိကစံနမူနာအဖြစ် မီးမောင်းထိုးပြပြီး NATO ရဲ့ အသစ်ဖွဲ့တဲ့ Fleet ရဲ့ မူလအခြေခံအဖြစ် တည်ဆောက်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Task Force 59 ဟာ အရှေ့အလယ်ပိုင်းမှာ Surveillance Network အဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ သူ့ရဲ့ ဒရုန်းတွေဟာ AI နဲ့ Sensor Data တွေကို အသုံးပြုကာ လက်ရှိရေပြင်လှုပ်ရှားမှုတွေကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေပါတယ်။

Task Force 59 ရဲ့ ဒရုန်းတွေဟာ ပင်လယ်ကွေ့မှာ နှစ်အတော်ကြာ လုံခြုံထိရောက်စွာ လည်ပတ်နေခဲ့ပြီး လက်တွေ့ကမ္ဘာအခြေအနေများတွင် မောင်းသူမဲ့နည်းပညာတွေရဲ့ ရှင်သန်နိုင်စွမ်းကို သရုပ်ပြခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

Vandier ရဲ့ အဖွဲ့ဟာ နေတိုးစောင့်ကြည့်ရေးရေယာဉ်ကို ဇွန်လအတွင်းနယ်သာလန်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ လာမည့်နေတိုးထိပ်သီးအစည်းအဝေးမတိုင်ခင် ဖြန့်ကျက်ဖို့ ရည်ရွယ်ထားပါတယ်။ သူရဲ့ ဦးစားပေးလုပ်ငန်းကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး စမ်းသပ်ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် နေတိုး မဟာမိတ်တွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အစီအစဥ်ကို အပြည့်အဝဖော်ဆောင်အသုံးချသွားဖို့ဖြစ်ပါတယ်။

Source: Tom's Hardware and TechSpot


Post a Comment

0 Comments