Subscribe Us

header ads

Streaming ဝန်ဆောင်မှုများ ခေတ်စားလာခြင်းကြောင့် LG မှ Blu-ray player များထုတ်လုပ်မှုရပ်ဆိုင်း


Image via FlatpanelsHD

LG ဟာ သူတို့ရဲ့ နောက်ဆုံး Blu-ray Players တွေဖြစ်တဲ့ UBK80 နဲ့ UBK90 UHD စတင်ရောင်းချခဲ့တာ ခြောက်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ FlatpanelsHD ရဲ့ သတင်းအရ LG က Optical Disc Players အသစ်တွေလည်း ထပ်မံထုတ်လုပ်တော့မှာ မဟုတ်ပဲ လက်ကျန်ပစ္စည်းတွေကိုသာ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။

LG က Optical Disc Player ဈေးကွက်ထဲက ထွက်သွားတာကို တရားဝင်အတည်ပြုပေးတာ မရှိသေးပေမယ့် အနာဂတ်မှာ လိုအပ်ချက်တွေများပြားလာရင် စျေးကွက်ထဲပြန်လည်ဝင်ရောက်လာနိုင်ချေရှိပါတယ်။ ဒါပေမယ့် LG ရဲ့ Blu-ray Player တွေဟာ နဂိုကတည်းက ရေပန်းမစားလှတာကြောင့် ဒါမျိုးဖြစ်နိုင်ချေနည်းပါတယ်။

Image via TechSpot

LG ဟာ ၂၀၁၈ ခုနှစ်က Optical Disc Players ထုတ်လုပ်မှုရပ်နားခဲ့တဲ့ Oppo နဲ့ နောက်တစ်နှစ်မှာရပ်နားခဲ့တဲ့ Samsung လို Optical Disc Player ဈေးကွက်ကနေ ထွက်သွားပြီဖြစ်ပါတယ်။

Blu-ray Player အရောင်းချမှုက Streaming Service တွေ လူကြိုက်များလာမှုကြောင့် အဓိကကျဆင်းလာနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် Blu-ray Player ရောင်းချမှုက ၂၀၁၄ ခုနှစ်မှာ  ၂၅.၂ သန်းရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၉.၁ သန်းထိ ကျဆင်းခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် တတိယသုံးလပတ်မှာဆိုရင် US မှာ DVD နဲ့ Blu-ray ရောင်းအားဟာ တစ်နှစ်ထက်တစ်နှစ် ၂၆% ကျဆင်းခဲ့ပါတယ်။

Blu-ray နဲ့ Physical Media တွေအတွက် အခြေအနေမကောင်းဘူးလို့ ဆိုနိုင်ပါတယ်။ Best Buy က Blu-ray၊ Ultra-HD Blu-ray နဲ့ DVD Movies တွေ ရောင်းချပေးတာကို ပြီးခဲ့တဲ့နှစ်ကရပ်နားခဲ့ပြီး Sony ကလည်း ဇွန်လမှာ Recordable Blu-ray Media ထုတ်လုပ်မှုကို လျော့ချနေကြောင်း ကြေညာခဲ့ပါတယ်

Sony ကတော့ Blu-ray Player တွေ ထုတ်လုပ်နေဆဲဆိုပေမယ့် PS5 Pro မှာတောင် Disc Drive မပါတာထွက်ရှိလာခဲ့သလို လိုအပ်ရင် သူ့အတွက် Blu-ray Disc Drive သီးခြားဝယ်ယူနိုင်ပါတယ်။

လူအတော်များများကတော့ LG ရဲ့ Blu-ray Player ဈေးကွက်ထဲက ထွက်သွားတာကို ဝမ်းနည်းနေကြမှာပါ။ 4K Ultra HD Blu-ray တွေဟာ Streaming Service တွေထက်စာရင် ပိုမိုမြင့်မားတဲ့ ရုပ်ထွက်အရည်အသွေးရနိုင်ကာ Bitrate ကို 128 Mbps အထိရနိုင်ပါတယ်။ Streaming Service အများစုက 15 Mbps ကနေ 25 Mbps ကြားသာ ရနိုင်ပါတယ်။ 

Blu-ray တွေမှာ streaming တွေထက် compression ပိုနည်းပြီး အသံအရည်အသွေးလည်း ပိုမိုကောင်းမွန်ပါတယ်။ သင့်အနေနဲ့ အင်တာနက်လိုင်းအရည်အသွေးနဲ့ တည်ငြိမ်မှုကိုလည်း အားထားစရာမလိုအပ်ပါဘူး။ ဒါ့အပြင် ဒစ်ဂျစ်တယ်မီဒီယာဆိုတာ အကြောင်းအရာတစ်ခုကိုဝင်ရောက်ကြည့်ရှုအသုံးပြုခွင့်လိုင်စင်ကိုသာရရှိတာဖြစ်ပြီး physical media (တိတ်ခွေ၊ Blu-rayအခွေ) တွေလို အမှန်တကယ်ပိုင်ဆိုင်တာမဟုတ်ဘူးဆိုတဲ့ ငြင်းခုံစရာအကြောင်းအရာတစ်ခုလည်းရှိနေပါတယ်။

Blu-ray နဲ့ ဆက်စပ်နည်းပညာတွေဟာ ပျောက်ကွယ်သွားဦးမှာ မဟုတ်သေးပေမယ့် Floppy Disk နဲ့ တိတ်ခွေတို့လို 'အမေ့လျော့ခံ အထင်ကရနည်းပညာထုတ်ကုန်များ' စာရင်းထဲ ကျရောက်သွားဖို့ နီးစပ်လာပြီလား" လို့ တွေးစရာဖြစ်လာပါတယ်။

Source: TechSpot and FlatpanelsHD

Post a Comment

0 Comments