![]() |
Image: OpenAI |
OpenAI က သူတို့ရဲ့ AI မော်ဒယ်အသစ်ဖြစ်တဲ့ Sora ကို ဖြန့်ချီလိုက်ပြီး စာသားအခြေခံညွှန်ကြားချက်တွေကနေတဆင့် တကယ့်လက်တွေ့ကျတဲ့ ဗီဒီယိုတွေ ဖန်တီးပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ အဆိုပါ AI Tool ကို ChatGPT Plus နဲ့ ChatGPT Pro အသုံးပြုသူတွေ sora.com ကတစ်ဆင့် အသုံးပြုနိုင်မှာပါတယ်။
ChatGPT Plus အသုံးပြုသူတွေအနေနဲ့ 720p resolution နဲ့ ၅ စက္ကန့်ထိ တိုတောင်းတဲ့ Priority Videos အခု ၅၀ အထိ ဖန်တီးနိုင်မှာဖြစ်ပြီး ChatGPT Pro အသုံးပြုသူတွေကတော့ 1080p resolution နဲ့ ၂၀ စက္ကန့်ထိ ကြာမြင့်တဲ့ Priority Videos အခု ၅၀၀ အထိ ဖန်တီးနိုင်ပါတယ်။ ChatGPT Pro အသုံးပြုသူတွေအနေနဲ့ တစ်ချိန်တည်းမှာ Videos ၅ ခုထိ တစ်ပြိုင်နက်ဖန်တီးပြုလုပ်နိုင်မှာဖြစ်သလို Generate လုပ်ထားတဲ့ ဗီဒီယိုတွေကို Watermark မပါဘဲ Download လုပ်နိုင်ပါတယ်။
Sora ကနေ ပြုလုပ်တဲ့ Videos တွေမှာ AI နည်းပညာနဲ့ ပြုလုပ်တာဖြစ်ကြောင်း ပြသပေးနိုင်မယ့် C2PA metadata ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဗီဒီယိုတွေမှာ မတရားဟန်ဆောင်မှု၊ အကြမ်းဖက်မှု၊ အသက် ၁၈ နှစ်အောက်လူတွေရဲ့ပုံတွေ ထုတ်လို့မရနိုင်ပါဘူး။
Sora ကို ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ့နေရာအတော်များများမှာ ရရှိအသုံးပြုနိုင်တယ်ဆိုပေမယ့် ဥရောပနိုင်ငံတွေမှာ ရရှိဖို့ အချိန်တချို့ ကြာနိုင်ပါကြောင်း OpenAI ရဲ့ CEO Sam Altman က ဆိုပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေအရ အမေရိကန်မှာ နေထိုင်သူတွေတောင် Sora ကို လက်ရှိအချိန်မှာ အသုံးပြုဖို့ အခက်အခဲရှိနိုင်ပြီး Sora ရဲ့ ဝဘ်ဆိုက်မှာလည်း Signup လုပ်တာကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။ ဆိုလိုတာက Sora မှာ အစောပိုင်း Sign Up လုပ်ထားတဲ့သူတွေကလွဲပြီး Google Passkey နဲ့တောင် Sign in ဝင်လို့မရနိုင်သလို Videos တွေလည်း ဖန်တီးလို့မရနိုင်ပါဘူး။ လက်ရှိမှာ OpenAI နဲ့ Sora က အသုံးပြုသူ အားလုံးအတွက် ဘယ်အချိန်မှာ ဝဘ်ဆိုက်ကို ပြန်လည် ဖွင့်ပေးမယ်ဆိုတာ မသိရသေးပါဘူး။
Source: PCWorld
0 Comments