Subscribe Us

header ads

Hell Let Loose ဂိမ်းကို အခမဲ့ရယူပါ

Image via Epic Games

မိတ်ဆွေတိုရေ အပတ်စဉ်တိုင်းဂိမ်းတွေပေးနေတဲ့ Epic Games ဟာ ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလမှာ ဂိမ်းတွေအများကြီးပေးလေ့ရှိပါတယ်။ ယခင်နှစ်တွေကလည်း ဒီလိုကာလမှာ ၂၀၁၉ခုနှစ်တုန်းက ဂိမ်း ၁၂ခု၊ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ခုနှစ်မှာ ဂိမ်း ၁၅ခုပေးခဲ့သလို ၂၀၂၃ခုနှစ်မှာလည်း ဂိမ်း ၁၇ ခုအခမဲ့ပေးခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ဘာဂိမ်းပေးမလဲဆိုတာ ကြိုတင်မသိရပဲ Mystery Game လိုသာ ဖော်ပြထားတာတွေ့ရပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့အထိ Epic Games က စုစုပေါင်းဂိမ်း ၁၆ ခုပေးသွားမယ်လို့သိရပါတယ်။

ဒီနေ့အတွက် အလှည့်ကျတဲ့ နောက်ဆုံး Mystery Game ကတော့ နာမည်ကျော် First Person Shooter ဂိမ်းအမျိုးအစားဖြစ်တဲ့ Hell Let Loose ဖြစ်ပြီး ဇန်နဝါရီလ ၉ရက်နေ့ည၁၀နာရီခွဲအထိ အခမဲ့ရယူနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကို အခြေခံထားတဲ့ဒီဂိမ်းမှာ Carentan, Omaha Beach, Stalingrad, Kursk နဲ့ အခြားဒေသတွေအပါအဝင် အရှေ့ဘက်စစ်မျက်နှာနဲ့ အနောက်ဘက်စစ်မျက်နှာတွေထဲက နာမည်ကျော်တိုက်ပွဲတွေကို တစ်ဖက်ကို ကစားသူအယောက် ၅၀စီနဲ့ စုစုပေါင်း ကစားသူ ၁၀၀အထိ ပါဝင်ဆင်နွဲနိုင်မှာဖြစ်ပါတယ်။ ဂိမ်းရဲ့ ပုံစံက Hardcore စတိုင်မို့ ပုံမှန် FPS တွေနဲ့ကွဲပြားခြားနားတဲ့ပုံစံနဲ့ကစားရမှာဖြစ်ပါတယ်။

Minimum System Requirements
OS: Windows 10 64bit
CPU: Intel Core i5-6600/AMD Ryzen 3 1300X
Memory: 12 GB RAM
GPU: NVIDIA GeForce GTX 960 4GB/AMD Radeon R9 380 4GB
DirectX: Version 11
Storage: 30 GB available space

Recommended System Requirements
OS: Windows 10 64bit
CPU: Intel Core i5-8400/AMD Ryzen 5 2600X
Memory: 16 GB RAM
GPU: NVIDIA GeForce GTX 1060 6GB /AMD Radeon RX 590 8GB
DirectX: Version 11
Storage: 30 GB available space

နောက်အပတ် ဇန်နဝါရီလ ၉ရက်နေ့မှာတော့ Simulation၊ Strategy နဲ့ Turn-Based ဂိမ်းအမျိုးအစားဖြစ်တဲ့ Turmoil ကိုရယူနိုင်မှာဖြစ်ပါတယ်။

Source: Epic Games

Post a Comment

0 Comments