Subscribe Us

header ads

Graphics Card များကို ထိခိုက်စေသည့် ASUS ၏ PCIe Slot Q-Release Slim feature

Image via OC3D

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက motherboard ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ကွန်ပျူတာတပ်ဆင်ရတာကို ပိုပြီးလွယ်ကူအောင် ကြိုးစားနေကြပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ ASUS က သူတို့ရဲ့ motherboard တွေမှာ Q-series ဆိုတဲ့ feature ကို တီထွင်နေပြီး ကွန်ပျူတာ တပ်ဆင်ရတာပိုမိုမြန်ဆန်ပြီး (Q ဆိုတာက Quick လို့ အဓိပ္ပာယ်ရပါတယ်) သက်သောင့်သက်သာ ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ အခု ASUS ရဲ့ PCIe Slot Q-Release Slim ဆိုတဲ့ အင်္ဂါရပ်အသစ်ကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။

ASUS ရဲ့ PCIe Slot Q-Release Slim ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဂရပ်ဖစ်ကတ်တွေကို motherboard ကနေ ဖယ်ရှားတဲ့အခါမှာ lock ဖွင့်တာတို့၊ ခလုတ်နှိပ်တာတို့ မလိုဘဲ ပိုပြီး လွယ်ကူစေဖို့ ဖြစ်ပါတယ်။ ဒီ featureပါတဲ့ ASUS motherboard အသစ်တွေကို သုံးစွဲသူတွေဟာ GPU တွေကို အသာအယာဖြုတ်နိုင်မှာဖြစ်ပါတယ်။ 

ASUS ရဲ့ PCIe Q-Release Slim ရဲ့ ပြဿနာ

ASUS ရဲ့ ဂရပ်ဖစ်ကတ် ဖြုတ်တဲ့ နည်းပညာအသစ်မှာ အားနည်းချက်တွေ ရှိနေပါတယ်။ သုံးသပ်သူတွေရဲ့ တွေ့ရှိချက်အရ ဒီနည်းပညာကြောင့် ဂရပ်ဖစ်ကတ်တွေမှာ မလိုအပ်ဘဲ အစင်းရာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ HardwareLuxx က reviewer ဖြစ်သူ Andreas Schilling က သူ့ရဲ့ RTX 5090 ဂရပ်ဖစ်ကတ်မှာ ဖြစ်ပေါ်နေတဲ့ အစင်းရာတွေကို ပြသထားပါတယ်။ အဲဒီအစင်းရာတွေက သေးငယ်ပြီး ဂရပ်ဖစ်ကတ်ရဲ့ စွမ်းဆောင်ရည်ကို မထိခိုက်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာနိုင်ပါတယ်။

များသောအားဖြင့် ကွန်ပျူတာ တည်ဆောက်သူတွေဟာ ဂရပ်ဖစ်ကတ်ကို မကြာခဏ ဖြုတ်လဲလေ့ မရှိပေမဲ့ reviewer တွေကတော့ မကြာခဏ ပြောင်းလဲစမ်းသပ်ရပါတယ်။ ဆိုလိုတာက ASUS ရဲ့ motherboard တွေကို သုံးပြီး စမ်းသပ်တဲ့အခါ ဂရပ်ဖစ်ကတ်ကို အကြိမ်ရေများစွာ တပ်လိုက် ဖြုတ်လိုက် လုပ်ရတာကြောင့် ဂရပ်ဖစ်ကတ်တွေ ပျက်စီးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ပျက်စီးမှုက ကွန်ပျူတာရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်လောက်တဲ့အထိ ဖြစ်ဖို့ဆိုရင် အကြိမ်ရေ အများကြီး ဖြုတ်တပ်မှ ဖြစ်နိုင်ပါတယ်။

ဒီအစင်းရာတွေက အပေါ်ယံပဲဆိုပါစေ ထိခိုက်ပျက်စီးတာစေတာတော့အမှန်ပါပဲ။ အခုချိန်မှာ ASUS က ဒီပြဿနာကို မဖြစ်အောင် သူတို့ရဲ့ PCIe slot တွေကို ပြောင်းလဲဖို့ အစီအစဉ်ရှိလားဆိုတာ မသိရသေးပါဘူး။ ဒီပြဿနာက PCIe Q-Release Slim motherboard အားလုံးမှာ ဖြစ်နေတာလား ဒါမှမဟုတ် အချို့မှာပဲ ဖြစ်တာလားဆိုတာလည်း မသေချာသေးပါဘူး။

သေချာတာတစ်ခုကတော့ ASUS အနေနဲ့ ဂရပ်ဖစ်ကတ်တွေကို တပ်ဆင်တဲ့အခါ PCIe slot တွေကို  မပျက်စီးစေနိုင်မယ့် ပိုပြီး သင့်တော်တဲ့စနစ်တစ်ခု လိုအပ်နေပါတယ်။ ဖြစ်နိုင်တာက နောက်မျိုးဆက် AMD နဲ့ Intel motherboard တွေမှာ Q-Release Slim 2.0 ဒီဇိုင်းကို မြင်တွေ့ရနိုင်ပါတယ်။

Source: OC3D

Post a Comment

0 Comments