![]() |
Image via Wccftech |
GPU တွေမှာ neural rendering ဆိုတာက နောက်ပိုင်းမှာ အရမ်းခေတ်စားလာမယ့် နည်းပညာတစ်ခုဖြစ်ပြီး အခုလောလောဆယ်မှာလည်း ဒီအကြောင်းကိုပဲ တော်တော်များများပြောဆိုနေကြပါတယ်။ NVIDIA CEO Jensen Huang က rendering လုပ်တဲ့အခါမှာ neural rendering က ဘယ်လောက်အရေးပါကြောင်း၊ သင်ယူလေ့လာမှုနဲ့ ခန့်မှန်းတွက်ချက်မှုတွေမှာ ဘယ်လို အထောက်အကူပြုနိုင်ကြောင်း ပြောပြသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။ အခုဆိုရင် နည်းပညာနယ်ပယ်အတွင်းမှာ ဒီအယူအဆကို တဖြည်းဖြည်း လက်ခံလာကြပြီလို့ ထင်ရပါတယ်။
Microsoft က သူတို့ရဲ့ ဘလော့ဂ်မှာ DirectX ဟာ မတူညီတဲ့ ဗိသုကာတွေမှာ neural rendering ကို အထောက်အပံ့ပေးတော့မှာဖြစ်ကြောင်းနဲ့ DirectX ထဲကို "cooperative vector" ဆိုတဲ့ နည်းပညာကိုလည်း ထည့်သွင်းပေးလိုက်တာကြောင့် သာမန် GPU တွေနဲ့ ပရော်ဖက်ရှင်နယ် GPU တွေမှာ AI နဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီး မြန်ဆန်လာစေမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
![]() |
Image: Nvidia |
မသိသေးတဲ့သူတွေအတွက် ရှင်းပြရရင် Cooperative vector support ဆိုတာ GPU တွေက ဒေတာတွေကို စီမံတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ဒေတာတွေကို မတူညီတဲ့ အရွယ်အစားရှိတဲ့ အုပ်စုတွေခွဲပြီး လိုအပ်သလို အလိုအလျောက် ပြောင်းလဲစီမံပေးတာပါ။ ဒါကို matrix-vector လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်တာဖြစ်ပြီးး ဒီလိုဆောင်ရွက်ခြင်းအားဖြင့် AI နဲ့ဆိုင်တဲ့ လုပ်ငန်းတွေ ပိုမြန်ဆန်လာရုံသာမက cooperative vector က ပြောင်းလဲနိုင်တဲ့ ဒေတာအရွယ်အစားတွေအတွက် GPU ရဲ့ အရင်းအမြစ်တွေကို ပိုပြီး ထိရောက်စွာ အသုံးပြုနိုင်စေတာကြောင့် developer တွေကို အကောင်းဆုံး neural rendering output အတွက် ဒီ feature ကို အသုံးချနိုင်စေပါတယ်။
Microsoft က DirectX neural rendering နဲ့ cooperative vector ကို NVIDIA ရဲ့ နောက်ဆုံး RTX 50 စီးရီး GPU တွေမှာ အသုံးပြုနိုင်မယ်လို့ အတည်ပြုထားပြီး Tensor Core တွေက neural shaders တွေကို အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမှာပါ။ ဒါကြောင့် developer တွေဟာ AI အသုံးပြု visualization တွေ၊ အကောင်းဆုံး path-tracing algorithms တွေအပြင် လက်တွေ့ကျသော ရုပ်ပုံတွေနဲ့ အရာဝတ္ထုတွေကို ပိုမိုထိရောက်စွာ ဖန်တီးနိုင်တာကြောင့် ပိုမိုလက်တွေ့ဆန်ပြီး နှစ်မျောသွားစေမယ့် ဂရပ်ဖစ် အတွေ့အကြုံတွေအတွက် လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်။
Microsoft ဟာ AMD၊ Intel၊ NVIDIA နဲ့ Qualcomm တို့လို မိတ်ဖက်ကုမ္ပဏီတွေနဲ့ လက်တွဲပြီး cooperative vector support ကို DirectX ecosystem ထဲမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်နေပါတယ်။ ဒါက AI ကို အသုံးပြုပြီး ဂရပ်ဖစ်တွက်ချက်မှုတွေကို ပိုမိုမြန်ဆန်ချောမွေ့စွာ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။
Source: Microsoft and Wccftech
0 Comments