Subscribe Us

header ads

Nvidia က DLSS Smooth Motion၊ DLSS Override နှင့် ပိုမိုကောင်းမွန်သည့် RTX Video Super Resolution တို့ကို Nvidia App တွင် ထပ်မံဖြည့်စွက်

Image: Nvidia

RTX 50 စီးရီး ထွက်ပြီးနောက် Nvidia ဟာ GeForce Game Ready driver အသစ်နဲ့ Nvidia App version 11.0.2.312 ကို ဖြန့်ချီလိုက်ပါတယ်။ ဒီထဲမှာ AMD ရဲ့ Fluid Motion Frames ကို ယှဉ်နိုင်တဲ့ "Smooth Motion" လို့ခေါ်တဲ့ driver နဲ့ frame generation utility အသစ်အပြင် DLSS Frame Gen၊ Super Resolution၊ Ray Reconstruction တွေကို အချိန်မရွေး ပြောင်းလဲနိုင်တဲ့ ဆက်တင်တွေ ပါဝင်ပါတယ်။ နောက်ဆုံးထွက် Nvidia App မှာ RTX VSR (Video Super Resolution) နဲ့ HDR ပိုင်းအတွက်လည်း အဆင့်မြှင့်တင်မှုတွေ ပါဝင်ပြီး ပိုပြီး ထိရောက်တဲ့ မော်ဒယ်ကို အသုံးပြုထားလို့ ပါဝါသုံးစွဲမှု ၃၀% အထိ သက်သာစေနိုင်တယ်လို့ ပြောပါတယ်။

Nvidia က သုံးစွဲသူတွေကို Nvidia App ကနေတစ်ဆင့် သူတို့ရဲ့ DLSS မော်ဒယ်တွေကို အပ်ဒိတ်လုပ်ခွင့်ပေးပါတယ်။ ဒီ feature က အခုလောလောဆယ် ဂိမ်း ၇၅ ခုလောက်ကိုပဲ အထောက်အပံ့ပေးတာကြောင့် သင်ကစားနေကြဂိမ်း မပါခဲ့ရင် DLSS Swapper လို third-party application တွေကို သုံးနိုင်ပါတယ်။ DLSS Override setting မှာ Model Preset, Frame Generation နဲ့ Super Resolution ဆိုပြီး အပိုင်း၃ပိုင်းခွဲခြားထားပါတယ်။

Model Preset ဆိုတဲ့နာမည်အတိုင်း ဒီ feature မှာ Frame Gen၊ Ray Reconstruction (Preset J) နဲ့ Super Resolution (Preset K) အတွက် နောက်ဆုံးပေါ် မော်ဒယ်ကို ရွေးချယ်နိုင်ပါတယ်။ Frame Generation အပိုင်းက RTX 50 စီးရီး GPU တွေအတွက်ပဲ သီးသန့်ဖြစ်ပြီး DLSS Frame Generation ပါပြီးသား ဂိမ်းတွေအတွက် 3x ဒါမှမဟုတ် 4x MFG အစရှိတဲ့ရွေးချယ်စရာတွေ ရနိုင်ပါတယ်။ နောက်ဆုံးတစ်ခုဖြစ်တဲ့ Super Resolution ကတော့ DLAA ဒါမှမဟုတ် DLSS Ultra Performance mode မပါသေးတဲ့အချို့ဂိမ်းတွေမှာ Driver ဖွင့်ဖို့အသုံးပြုနိုင်ပါတယ်။

Image: Nvidia

Image: Nvidia

Image: Nvidia

အသစ်ထပ်တိုးလာတဲ့ feature တစ်ခုက Nvidia Smooth Motion ဖြစ်ပြီး AMD ရဲ့ Fluid Motion Frames (AFMF) လို render လုပ်ထားတဲ့ frame နှစ်ခုကြားမှာ နောက်ထပ် frame တစ်ခုကို ခန့်မှန်းပြီး ပိုချောမွေ့တဲ့ အတွေ့အကြုံကို ပေးတဲ့ driver အခြေခံ AI မော်ဒယ်လို့ ဆိုနိုင်ပါတယ်။ ဒီ feature ကို DLSS မပါတဲ့ ဂိမ်းတွေအပါအဝင် DirectX 11 နဲ့ DirectX 12 ဂိမ်းအားလုံးမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ AMD ရဲ့ Fluid Motion Frames (AFMF) က မကြာသေးခင်က Vulkan ကို အထောက်အပံ့ပေးလာပြီမို့ emulator တွေမှာပါ frame-generation ကို သုံးလာနိုင်ပေမယ့် Nvidia ရဲ့ Smooth Motion ကတော့ စတင်ဖြန့်ချီချိန်မှာ မရနိုင်သေးတာကိုတွေ့ရပါတယ်။

Nvidia App ကို update လုပ်လိုက်ရင် Nvidia ရဲ့ RTX VSR (Video Super Resolution) နည်းပညာအတွက် ပိုပြီး ထိရောက်တဲ့ မော်ဒယ်အသစ်ကို သုံးလို့ရပါတယ်။ Nvidia က ဒီမော်ဒယ်အသစ်က ပါဝါသုံးစွဲမှု ၃၀% လောက် သက်သာစေတယ်လို့ ဆိုထားပေမဲ့ တကယ်ဟုတ်မဟုတ်ကိုတော့ စောင့်ကြည့်ရဦးမှာပါ။ VSR အလုပ်လုပ်နေလား၊ မလုပ်နေဘူးလားဆိုတာကို သိနိုင်ဖို့အတွက် Nvidia App မှာ "RTX VSR" လိုဂိုလေးကို မျက်နှာပြင်ရဲ့ ညာဘက်အပေါ်ထောင့်မှာ ပြတဲ့ indicator တစ်ခု ထည့်ထားပါတယ်။

Nvidia က အရည်အသွေး ဆက်တင်တွေကို နံပါတ်တွေနဲ့ ဖော်ပြတာကို ဖယ်ရှားလိုက်ပြီး နားလည်ရပိုမိုလွယ်ကူတဲ့ အနိမ့်အမြင့် slider နဲ့ အစားထိုးလိုက်ပါတယ်။ အလားတူ VSR ဟာလည်း အခုဆိုရင် ပင်ကို HDR ဗီဒိယိုတွေကိုလည်း upscaling လုပ်လာနိုင်ပြီဖြစ်ပါတယ်။ ဒါက Netflix လို ဝန်ဆောင်မှုတွေမှာတော့ ဒီ feature ကို အသုံးပြုနိုင်ပေမဲ့ တကယ်အလုပ်ဖြစ်မဖြစ်က အသုံးပြုတဲ့ DRM ပေါ်မူတည်ပြီး ကွာခြားသွားမှာပါ။ ဒါပေမဲ့  Blackwell အတွက် သီးသန့် feature တွေအပြင် Nvidia ဟာ အရင် GPU တွေကိုလည်း ပစ်မထားတာက အပေါင်းလက္ခဏာတစ်ခုလို့ဆိုနိုင်ပါတယ်။ အထူးသဖြင့် အခုလို RTX 5090/5080 ကို စတင်ရောင်းချချိန်မှာ လူအတော်များများက ဝယ်ယူဖို့ မဖြစ်နိုင်သေးတာကြောင့်ပါ။

Source: Tom's Hardware

Post a Comment

0 Comments