Subscribe Us

header ads

Nvidia က DLSS 4 Frame Generation ကို RTX 30 စီးရီးအပါအဝင် ယခင် GPU များတွင် အထောက်အပံ့ပေးလာနိုင်ကြောင်း အရိပ်အမြွက်ပြောကြား

Image: NVIDIA

CES 2025 မှာ Digital Foundry နဲ့ အင်တာဗျူးတုန်းက Nvidia ရဲ့ Applied Deep Learning Research အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ Bryan Catanzaro က Nvidia အနေနဲ့ သူတို့ရဲ့ Frame Generation နည်းပညာ မပါတဲ့ RTX 30 စီးရီးလိုမျိုး GPU အဟောင်းတွေမှာလည်း DLSS 4 ကို သုံးလို့ရအောင် လုပ်ပေးနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ RTX 30 စီးရီး GPU အသုံးပြုသူတွေဟာ DLSS နဲ့ အတူ အမြဲတမ်း အသုံးပြုလို့မရတဲ့ AMD ရဲ့ FSR 3 Frame Generation နည်းပညာကို အားကိုးနေရပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ နှစ်ခုကို တွဲသုံးလို့ ရပါတယ်။ DLSS 4 လိုပဲ Multi-Frame Generation လုပ်ပေးနိုင်တဲ့ Lossless Scaling လို ပြင်ပဆော့ဖ်ဝဲတွေကတော့ AI မပါဘဲ ဆက်သုံးလို့ ရနေဦးမှာပါ။

အင်တာဗျူးမှာ Digital Foundry မှ Alex Battaglia က Catanzaro ကို Nvidia ရဲ့ GPU အဟောင်းတွေမှာ Frame Generation ကို သုံးနိုင်မလားလို့ အတိအကျ မေးမြန်းခဲ့ရာမှာ "DLSS 4 က Tensor Core တွေပေါ်မှာပဲ အပြည့်အဝ အလုပ်လုပ်တာဆိုတော့ အရင်ကထက် ပိုပြီး အလုပ်ရှုပ်သွားတာ သဘာဝကျပါတယ်။ ဒါဆိုရင် RTX 3000 စီးရီးတွေမှာ ဘာလို့ အသုံးပြုလို့ မရတာလဲ" လို့ မေးခဲ့ပါတယ်။

Catanzaro က ပြန်လည်ဖြေကြားရာမှာ "ဒါက optimization နဲ့ engineering ပိုင်းဆိုင်ရာတွေအပြင် နောက်ဆုံး သုံးစွဲသူတွေရဲ့ အတွေ့အကြုံပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံး Multi-Frame Generation နည်းပညာဖြစ်တဲ့ ဒီ Frame Generation ကို 50 စီးရီးတွေနဲ့ စတင်အသုံးပြုနေပြီး နောင်အနာဂတ်မှာ ဟာ့ဒ်ဝဲလ်အဟောင်းတွေကနေ ဘယ်လောက်အထိ ရမလဲဆိုတာ ကြည့်ရဦးမှာပေါ့" လို့ ပြောကြားခဲ့ပါတယ်။

အဓိကအချက်အနေနဲ့ Catanzaro က DLSS 4 Frame Generation ရဲ့ frame pacing ဟာ DLSS 3 Frame Generation ထက်  ပိုပြီးချောမွေ့မယ်လို့ ဆိုထားပြီး frame pacing မတည်ငြိမ်မှုမှာ "၅ ဆ သို့မဟုတ် ၁၀ ဆ" လျော့ကျသွားကြောင်း ဆိုထားပါတယ်။ ဆိုလိုတာက Frame Generation ကို သုံးရင် ပုံရိပ်တွေ အများကြီးချောမွေ့လာမယ်လို့ ဆိုလိုတာပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာ Frame Generation မှာ V-Sync မပါသေးဘဲ ဒီအကြောင်း မေးမြန်းတဲ့အခါမှာတော့ Catanzaro က Nvidia အနေနဲ့ V-Sync ကို ထည့်သွင်းဖို့ သုံးစွဲသူတွေရဲ့ လိုအပ်ချက် ရှိမှသာ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments