![]() |
Image via FlatpanelsHD |
8K ဟာ 4K Ultra HD ကိုဆက်ခံသူအဖြစ် တစ်ချိန်က မျှော်လင့်ထားခဲ့ကြပေမယ့် 8K TV format ဟာ အသုံးများလာဖို့ ရုန်းကန်နေရပါတယ်။ Sony ဟာ ဒီနည်းပညာကို အားပေးထောက်ခံတဲ့ အဓိက ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ခဲ့ပေမယ့် အခုတော့ ဈေးကွက်ကနေ ထွက်ခွာနေခဲ့ပြီ။ ရေရှည်မှာ ဈေးကွက်ကို ပြန်လည်ဝင်ရောက်ဖို့ ဖြစ်နိုင်ခြေရှိနေသေးပေမယ့် စက်မှုလုပ်ငန်းရဲ့ အခြေအနေတွေ သိသိသာသာ ပြောင်းလဲမှသာ ဖြစ်လာနိုင်ပါတယ်။
Sony က မကြာခင်မှာ 8K TV အသစ်တွေ ထုတ်လုပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာကို တိတ်တဆိတ် အတည်ပြုခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးမော်ဒယ်တွေဖြစ်တဲ့ 75 လက်မနဲ့ 85 လက်မ Bravia XR Z9K ကို ၂၀၂၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး နှစ်နှစ်ကြာ ရောင်းချခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီဟာ ဒီစီးရီးတစ်ခုလုံးကို ရပ်ဆိုင်းလိုက်ပြီ လို့ဆိုပါတယ်။ Sony က သူတို့ဟာ နောက်ဆုံးမှာ 8K TV ဈေးကွက်ကို ပြန်လာနိုင်ချေရှိပေမယ့် လက်ရှိဈေးကွက်မှာ လုံလောက်တဲ့ အရှိန်အဟုန် မရသေးဘူးလို့ ဆိုပါတယ်။
Sony အနေနဲ့ ကျန်ရှိနေတဲ့ 8K TV တွေကိုတော့ လက်ကျန်တွေကုန်ခမ်းသွားတဲ့အချိန်ထိ ဆက်လက်ရောင်းချသွားမှာပါ။ သူတို့ရဲ့ လာမယ့် မော်ဒယ်တွေဟာ Bravia 8 II အမှတ်တံဆိပ်အောက်မှာ ရောင်းချမယ့် 4K Ultra HD ရုပ်ထွက်ပါတဲ့ အဆင့်မြင့် QD-OLED Panel တွေကို အဓိကထားမှာပါ။ Sony ဟာ RGB LED Backlighting ပါတဲ့ 4K LCD Prototype ကိုလည်း တီထွင်နေပါတယ်။
![]() |
Image via TechSpot |
8K ထုတ်လွှင့်မှုအတွက် ITU-R BT.2020 စံနှုန်းနဲ့ သတ်မှတ်ထားတဲ့ ဒီ Format ဟာ 7680×4320 ရုပ်ထွက်နဲ့ Pixel ပေါင်း ၃၃.၂ သန်းကို ထောက်ပံ့ပေးပါတယ်။ ဒါဟာ 4K ရဲ့ Linear Resolution နှစ်ဆ၊ 1440p ရဲ့ သုံးဆနဲ့ 1080p ရဲ့ လေးဆ ရှိပါတယ်။ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ PlayStation 5 Pro ဟာ HDMI 2.1 ကနေ 8K ဗီဒီယို Output ကို ထောက်ပံ့ပေးပေမယ့် သုံးစွဲသူတွေက စိတ်ဝင်စားမှု နည်းပါးနေပြီး 8K Content ကလည်း ရှားပါးနေဆဲ ဖြစ်ပါတယ်။
PS5 Pro ထွက်ရှိလာတာတောင် 8K Content မှာ သိသာထင်ရှားတဲ့ စိတ်ဝင်စားမှုကို မနှိုးဆွနိုင်ခဲ့ပါဘူး။ ဈေးကွက်မှာ ကျန်ရှိနေတဲ့ 8K TV အနည်းငယ်ဟာလည်း 4K Ultra HD ဒါမှမဟုတ် Full HD မော်ဒယ်တွေထက် ဈေးနှုန်းမြင့်မားစွာ ရောင်းချနေဆဲ ဖြစ်ပါတယ်။
ကြီးမားတဲ့ 8K Display တွေဟာ အကောင်းဆုံး ရလဒ်တွေရရှိဖို့ Native 8K Content လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Resolution နိမ့်တဲ့ Content တွေကို Upscale လုပ်လိုက်တဲ့အခါ ပုံရိပ်မှာ အမှားအယွင်းတွေ ဒါမှမဟုတ် ဝါးတာမျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။
အံ့သြစရာကောင်းတာက Sony ဟာ 7680x4320 Resolution နဲ့ ဗီဒီယိုတွေကို ဖမ်းယူနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ Native 8K Camera တွေကို ဆက်လက်ထုတ်လုပ်နေချိန်မှာ 8K TV ဈေးကွက်ကနေ ထွက်ခွာသွားတာပါ။ 8K Content ကို အစောဆုံးကြည့်ရှုလိုသူတွေအတွက် အခြားရွေးချယ်စရာ အနည်းငယ်သာ ရှိပါတယ်။ Samsung က MicroLED Backlighting ပါတဲ့ ကြီးမားတဲ့ 8K TV တွေကို ထုတ်လုပ်ထားပြီး LG ကတော့ 2024 ခုနှစ်မှာ QNED 99 Series နဲ့ နောက်ဆုံးပေါ် 8K မော်ဒယ်တွေကို မိတ်ဆက်ခဲ့ပါတယ်။
Source: TechSpot
0 Comments