![]() |
Image via TechSpot |
တရုတ်ကုမ္ပဏီတွေ ပူးပေါင်းထားတဲ့ Shenzhen 8K UHD Video Industry Cooperation Alliance ဟာ HDMI နဲ့ DisplayPort ကို ယှဉ်ပြိုင်နိုင်မယ့် ရုပ်သံ wired interface standard အသစ်တစ်ခုဖြစ်တဲ့ GPMI ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ GPMI ဟာ 8K ဗီဒီယိုတွေကို အကောင်းဆုံး ထောက်ပံ့နိုင်အောင် ဒီဇိုင်းထုတ်ထားပြီး 192 Gbps အထိ bandwidth ရှိသလို 480W အထိလည်း ပါဝါထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။
![]() |
Image via TechSpot |
Shenzhen 8K UHD Video Industry Cooperation Alliance ကဖော်ပြချက်အရ GPMI မှာ Connector နှစ်မျိုး ပါဝင်တယ်လို့ ဆိုပါတယ်။ Type C Connector က လက်ရှိ USB Type-C Port တွေနဲ့ သုံးလို့ရပြီး 96Gbps bandwidth နဲ့ 240W ပါဝါပေးနိုင်ပါတယ်။ Type-B Connector ကတော့ သီးသန့် Connector အမျိုးအစားဖြစ်ပြီး 192 Gbps bandwidth နဲ့ 480W အထိ ပါဝါအပြည့် ပေးနိုင်ပါတယ်။
Type C Connector ပါတဲ့ GPMI ဟာ USB4 နဲ့ ပါဝါပေးနိုင်စွမ်း တူညီပေမယ့် 96 Gbps bandwidth က USB PD 3.1 ရဲ့ Extended Power Range (EPR) ကို သုံးထားတဲ့ USB4 ရဲ့ 40 Gbps data limit ထက် နှစ်ဆကျော် ပိုများပါတယ်။
HDMI 2.1 ကတော့ ပါဝါမပေးနိုင်ဘဲ 48Gbps အထိပဲ ရောက်ရှိနိုင်ပြီး Thunderbolt 4 က 40 Gbps နဲ့ 100W အထိပါဝါပေးနိုင်ပါတယ်။
![]() |
Image via TechSpot |
GPMI Type B ကတော့ ကြိုးတစ်ချောင်းတည်းနဲ့ high bandwidth ဗီဒီယို၊ networking နဲ့ ပါဝါပေးပို့မှုတွေကိုပါ လုပ်ဆောင်နိုင်တာကြောင့် လိုအပ်တဲ့ ကြိုးအရေအတွက်ကို လျှော့ချပေးနိုင်ပါတယ်။ ဒီစံနှုန်းဟာ External GPU တွေ တပ်ဆင်ထားတဲ့ လက်ပ်တော့တွေအတွက် အဓိက သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
GPMI မှာ လက်ရှိ Interface နည်းပညာတွေထက် အားသာချက် ၇ ခု ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ နှစ်ဘက်သွား အချက်အလက်စီးဆင်းမှု (bidirectional multi-stream)၊ နှစ်ဘက်သွား ထိန်းချုပ်မှု (bidirectional control)၊ စွမ်းအားမြင့် ပါဝါထောက်ပံ့မှု (high-power power supply)၊ ဂေဟစနစ်နဲ့ လိုက်လျောညီထွေမှု (ecological compatibility)၊ အလွန်မြန်ဆန်သော အချက်အလက်ပို့လွှတ်မှု (ultra-fast transmission)၊ မြန်ဆန်စွာ နိုးထနိုင်မှု (fast wake-up) နဲ့ အစအလယ်အဆုံး လုံခြုံမှု (full-chain security) တို့ ဖြစ်ပါတယ်။"
GPMI ဟာ daisy chain လုပ်လို့ရသလို HDMI-CEC ကိုလည်း ထောက်ပံ့ပေးတာကြောင့် သုံးစွဲသူတွေဟာ GPMI နဲ့ ချိတ်ဆက်ထားတဲ့ ကိရိယာအများအပြားကို Remote တစ်ခုတည်းနဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
GPMI ရဲ့ Type-C အမျိုးအစားကို USB-IF (USB Implementers Forum) လက်အောက်မှာ အသုံးပြုဖို့ လိုင်စင် ရရှိပြီး ဖြစ်တယ်လို့သိရပါတယ်။
TCL၊ HiSilicon၊ Hisense နဲ့ Huawei အပါအဝင် တရုတ်အခြေစိုက်ကုမ္ပဏီ ၅၀ ကျော်ဟာ GPMI ရဲ့ ဖန်တီးရေးနဲ့ စံနှုန်းသတ်မှတ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြပါတယ်။
ဒီစံနှုန်းအသစ်ဟာ သုံးစွဲသူထုတ်ကုန်တွေထဲကို ဘယ်အချိန်မှာ စတင်ရောက်ရှိလာမလဲဆိုတာရယ် တရုတ်နိုင်ငံပြင်ပမှာ ဘယ်လောက်အထိ အသုံးပြုကြမလဲဆိုတာ ရှင်းရှင်းလင်းလင်းသေးသလို အများဆုံးရရှိနိုင်တဲ့ ကြိုးအရှည်နဲ့ ပတ်သက်ပြီးလည်း ဘာမှ မသိရသေးပါဘူး။
ရည်ရွယ်ချက်ကတော့ GPMI ကို အဆင့်ဆင့် ထုတ်ပြန်ဖို့ဖြစ်ပြီး ပထမအဆင့်အနေနဲ့ အိမ်သုံးဖျော်ဖြေရေး ပစ္စည်းတွေ၊ ဒုတိယအဆင့်အနေနဲ့ မော်တော်ကားနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ နောက်ဆုံးအဆင့်အနေမှာတော့ စက်မှုလုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
Source: TechSpot
0 Comments